(ဟားခါး)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ချင်းပြည်နယ် ဟားခါးမြို့နယ် ဆဲန်ထန်ဒေသ ဇာထာလ်ရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဖြင့် လေကြောင်း တိုက်ခိုက်သည့်အတွက် ကျောင်း နှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း Senthang Revolution Force (SRF) တာဝန်ရှိသူထံမှ သိရှိရသည်။

ဇာထာလ်ရွာ စာသင်ကျောင်းကို စစ်ကော်မရှင်မှ ယနေ့ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁၂ နာရီ ၅၅ မိနစ်တွင် တစ်ကြိမ် နှင့် နံနက် ၁ နာရီ ၃ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်သည်။

“စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ လူထိခိုက်တာတော့ မရှိဘူး ကျောင်းနဲ့ လူနေအိမ် တစ်လုံး အနည်းငယ်ထိထားတယ်။နှစ်လုံးကြဲခဲ့တယ်။ ဗုံးအမျိုးစားကိုတော့ မသိရသေးဘူး။ လေယာဉ်ကတော့ ဂျက် fighter ဖြစ်တယ်။ ပေါင် ၅၀၀ လောက်ခန့်မှန်းထာတယ်”ဟု SRF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဇာထာလ်ရွာသည် အိမ်ခြေ ၈၀ ခန့်ရှိပြီး ဟားခါးမြို့နှင့် ၂၄ မိုင်ခန့် ကွာဝေးကာ Senthang Revolution Force/ Senthang Central Council (SRF/SCC) ထိန်းချုပ်ထားသော ကျေးရွာဖြစ်သော်လည်း တပ်စခန်းချထားခြင်းမရှိကြောင်း သိရသည်။

စစ်ကော်မရှင်၏ ယခုကဲ့သို့ စာသင်ကျောင်း၊ ကလေးသူငယ်နှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းထြင့် ဗုံးကြဲတိုက်ခိုက်မှုပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း Senthang Central Council က ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဆဲန်ထန်ဒေသရှိ စာသင်ကျောင်းများအားလုံး ပိတ်ရန်၊ လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ အတက်နိုင်ဆုံး ရှောင်ကြဉ်ကြရန် Senthang Central Council က ညွှန်ကြားထားသည်။

ဟားခါးမြို့နယ်ရှိ CDF-Hakha ထိန်းချုပ်နယ်မြေနှင့် မင်းတပ်မြို့နယ်တွင်လည်း စာသင်ကျောင်းများကို စစ်ကော်မရှင်မှ လေကြောင်း တိုက်ခိုက်သည့်အတွက် စာသင်ကျောင်းများအားလုံး အကန့်အသတ်မရှိ ယာယီပိတ်ထားရသည်။

စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် စက်တင်ဘာလအတွင်း သေဆုံးသူ ငါးဦးအထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးရှိကြောင်း Women For Justice -WJ က