ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

ကိုလံဘီယာနိုင်ငံအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကာ ငွေကြေးအကူအညီအားလုံး ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် အမေရိကန်နိုင်ငံရှိ သံအမတ်ကြီးကို ပြန်ခေါ် လိုက်ပြီလို့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ တနင်္ဂနွေနေ့က ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုအား ‘တရားမဝင် မူး ယစ်ဂိုဏ်းခေါင်းဆောင်” လို့ ခေါ်ဆိုခဲ့ပြီး ကိုလံဘီယာအစိုးရကို စကားဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ကိုလံဘီယာသံအမတ်ကြီး ဒန်နီယယ်ဂါစီယာပီနာအား ပြန်ခေါ်ခဲ့ပြီး ၎င်းဟာ လက်ရှိမှာ ဘိုဂိုတာမြို့တော်မှာ ရောက်ရှိနေပြီလို့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုကူးမှုမှာ ကိုလံဘီယာ အစိုးရအဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ကျဆင်းစေခဲ့ပါတယ်။

လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေ မြင့်တက်စေခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့ ကာ ရစ်ဘီယံဒေသမှာ သင်္ဘောတွေကို တိုက်ခိုက်မှုအား ဂူစတာဗိုပက်ထရိုက ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန်က ကိုလံဘီယာသို့ပေးတဲ့ ငွေကြေးအကူအညီတွေ ဖြတ်တောက်မှာဖြစ်ပြီး စည်း ကြပ်ခွန်သစ် အသေးစိတ်ကို မကြာမီ ကြေညာမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ကိုလံဘီယာနိုင်ငံဟာ တောင်အမေရိကတိုက်မှာ အမေရိကန်ရဲ့ ငွေကြေးအကူအညီ အများဆုံးရ ရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး လက်ရှိမှာ အမေရိကန်သို့တင်ပို့တဲ့ ကုန်စည်တွေအတွက် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ပေးရပါတယ်။

ကိုးကား – TRT World
Ref; Colombia recalls ambassador from US as tensions flare over tariffs, drugs