
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
အလုပ်သမားအရေးတတ်ကြွလှုပ်ရှားသူသွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူများသည် ယနေ့ ( အောက်တိုဘာ ၂၀) ရက်နေ့တွင် စစ်ကော်မရှင်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စွဲဆိုထားသော အမှုများအားလုံးကို ရုတ်သိမ်းကြောင်း ဖတ်ပြကြေညာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်မျိုးမျိုးအေးနှင့်အတူအခြား အလုပ်သမားအရေးလှုပ်ရှားသူများဖြစ်သည့် ကိုသက်နှင်းအောင် နှင့် မသက်ထားဆွေတို့ပါဝင်ကြောင်း သိရသည်။
သို့ရာတွင် STUM ဝန်ထမ်းကိုးဦးမှာ အကျဉ်းထောင်ထဲတွင် ကျန်ရှိနေကြောင်း STUN က ထုတ်ပြန်ထားသည်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUM ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီးပြီး ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) တို့ဖြင့်အမူဖွင့်ထားခြင်းဖြစ်သည်။
ဓာတ်ပုံ – STUM