(သူဟာ ဘုရင်တစ်ပါး မဟုတ်သလို တိုင်းပြည်အတွက် မမောမပန်း တာဝန်ထမ်းဆောင်နေဟု ဒေါ်နယ်ထရမ့် ဆို)

ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်မှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ‘ဘုရင်တွေ အလိုမရှိ’ ဆန္ဒပြပွဲတွေ ဖြစ် ပွားပြီးနောက် အာဏာရှင်ဝါဒဆိုတဲ့ စွပ်စွဲမှုတွေကို သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပြီး တိုင်းပြည်အ တွက် မမောမပန်း တာဝန်ထမ်းဆောင်နေတာလို့ ပြောပါတယ်။

“ကျွန်တော်က ဘုရင်တစ်ပါး မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ ကြီးကျယ်ခမ်းနားအောင် ကျွန် တော် မမောမပန်း တာဝန်ထမ်းဆောင်နေပါတယ်” လို့ ဝါရှင်တန်မြို့တော်သို့ ပြန်လာစဉ် ၎င်းက သတင်း ထောက်တွေကို ပြောပါတယ်။

ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကို ဘေးချိတ်ရန်ကြိုးပမ်းခဲ့ပြီး ဟာသ တစ်ခုအဖြစ် ဖော်ပြကာ ဘီလျံနာသူဌေး ဂျော့ဆိုရော့စ်နဲ့ အခြား အစွန်းရောက်တွေက ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့ခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော် ဆန္ဒပြပွဲမှာပါတဲ့လူတွေကို ကြည့်တဲ့အခါ သူတို့ဟာ ဒီတိုင်းပြည်ရဲ့ ကိုယ်စားလှယ် တွေ မဟုတ်ပါဘူး။ ဆန္ဒပြပွဲတွေဟာ အရမ်းသေးငယ်ပြီး မထိရောက်သလို လူတွေလည်း စိတ်မဝင်စား ပါဘူး” လို့ သူက ဆိုပါတယ်။

ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်မှုတွေကြောင့်ဟုဆိုကာ ဒေါ်နယ် ထရမ့်နဲ့ အစိုးရအဖွဲ့ကို ဆန္ဒဖော်ထုတ်ဖို့ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေဟာ တနင်္ဂနွေနေ့က စုဝေးခဲ့ ကြပါတယ်။

အမေရိကန်နိုင်ငံရှိ ပြည်နယ် ၅၀ မှာပြုလုပ်တဲ့ “No Kings” ဆန္ဒပြပွဲ ၂၅၀၀ ကျော်မှာ ပြည်သူ ၇ သန်းကျော် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲစီစဉ်သူ American Civil Liberties Union (ACLU) က ပြောပါ တယ်။

ကိုးကား – Anadolu
Ref; Trump says ‘I am not a king’ after weekend protests