
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
အိန္ဒိယနိုင်ငံက ရုရှားမှ ရေနံဝယ်ယူမှု မရပ်ဆိုင်းပါက အိန္ဒိယကုန်စည်တွေအပေါ် ပမာဏများပြား သော စည်းကြပ်ခွန်သတ်မှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
အိန္ဒိယက ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပုဂ္ဂိုလ် ရေးအရ အာမခံခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ရုရှားနဲ့ ကုန်သွယ်ရေးဆက်ဆံမှုပြုလုပ်တဲ့ တိုင်းပြည်တွေအပေါ် အမေရိကန်နိုင်ငံက ဖိအားပေးမှု အရှိန်မြှင့်လာစဉ် သူက အခုလို မှတ်ချက်ပြုတာပါ။
အမေရိကန်ုနိုင်ငံဟာ လက်ရှိမှာ အထည်အလိပ်မှ ဆေးဝါးအထိ အိန္ဒိယကုန်စည်တွေအပေါ် စည်း ကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ်။
ရုရှားမှ ရေနံတင်သွင်းမှု မရပ်တန့်ပါက အိန္ဒိယကုန်စည်တွေအပေါ် စည်းကြပ်ခွန် တိုးမြှင့်မယ်လို့ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ ထုတ်ဖော်ပြောခဲ့ပါတယ်။
အိန္ဒိယက ရုရှားမှ ရေနံဝယ်ယူမှု ရပ်ဆိုင်းမယ်လို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားခဲ့တယ် လို့ ဒေါ်နယ်ထရမ့်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံဟာ ရုရှားမှ ရေနံစိမ်းအများဆုံး ဝယ်ယူတဲ့တိုင်းပြည်တစ်ခု ဖြစ်ခဲ့ပါတယ်။
ကိုးကား – TRT World
Ref; Face ‘massive’ tariffs or stop buying Russian oil: Trump threatens India