ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ဒူဘိုင်းမြို့မှာ ပျံသန်းလာတဲ့ တူရကီ ကုန်တင်လေယာဉ်တစ်စင်းဟာ ဟောင်ကောင်လေဆိပ်မှာ ဆင်းသက်စဉ် ပြေးလမ်းချော်ပြီး ပင်လယ်ထဲ ထိုးစိုက်ခဲ့ရာ လူနှစ်ဉီး သေဆုံးခဲ့တယ်လို့ လေဆိပ်အာဏာ ပိုင်တွေက ပြောပါတယ်။

တူရကီကုန်တင်လေကြောင်းလိုင်း AirACT ပိုင် ဘိုအင်း 747 လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၃ နာရီ ၅၀ မိနစ်မှာ ဟောင်ကောင်လေဆိပ်မှာ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တာပါ။

ကုန်တင်လေယာဉ်ဟာ လေဆိပ်မှာဆင်းသက်စဉ် ပြေးလမ်းချော်ကာ လေဆိပ်အနီးရှိ ရေပြင်ထဲ တစ်စိတ်တစ်ပိုင်း နစ်မြှုပ်သွားခဲ့တာလို့ ဟောင်ကောင်လေဆိပ်အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်အပြီးမှာ ဟောင်ကောင်လေဆိပ် မြောက်ပိုင်းပြေးလမ်းကို ပိတ်ထားခဲ့ရတယ်လို့ လေ ဆိပ်အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကုန်တင်လေယာဉ်ပေါ်ပါ အမှုထမ်းလေးဉီးကို ကယ်ဆယ်ခဲ့ပြီး မြေပြင်ဝန်ထမ်းတစ်ဉီးနဲ့ နောက် တစ်ဉီးတို့ သေဆုံးခဲ့တယ်လို့ ဒေသန္တရရုပ်သံဌာန TVB က ဖော်ပြခဲ့ပါတယ်။

သေဆုံးသူအမျိုးသားနှစ်ဉီးဟာ လေယာဉ်ပြေးလမ်းချော်စဉ် တိုက်မိတဲ့ မြေပြင်ရှိ ကားတစ်စင်း မှဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြပါတယ်။

ကုန်တင်လေယာဉ် ပြေးလမ်းချော်ရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး မှု စတင်ခဲ့တယ်လို့ ဟောင်ကောင် လေကြောင်းပို့ဆောင်ရေးဌာနက ပြောပါတယ်။

ကိုးကား – India Today
Ref; Two killed after Turkish cargo plane skids off Hong Kong runway, plunges into sea