ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

ကာတာနိုင်ငံ၊ ဒိုဟာမြို့တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွင်း ချက်ချင်း အပစ်အ ခတ်ရပ်စဲဖို့ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က သဘောတူလိုက်ပြီလို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

တူရကီနိုင်ငံကလည်း စေ့စပ်ဖျန်ဖြေပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ လူဒါဇင်ချီ သေဆုံးခဲ့ ပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ တစ်ပတ်ကြာ နယ်စပ်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ပါတယ်။

အပစ်အခတ်ရပ်စဲမှု တာရှည်ခံဖို့နဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်မှု ရှိ စေရေး လာမယ့်ရက်တွေအတွင်း ထပ်မံ တွေ့ဆုံကြဖို့ နှစ်ဘက်စလုံးက သဘောတူခဲ့တယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အာဖဂန်နစ္စတန် ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး မူလာမူဟာမက်ယာကွပ်က ဉီး ဆောင်ခဲ့ပြီး ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး ခါဝါဂျာမူဟာမက်အဆစ်က ဉီး ဆောင်ခဲ့တာလို့ သိရပါတယ်။

ဆွေးနွေးမှုဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု အဆုံးသတ်မယ့် အစီအမံတွေ ချက်ချင်း ဖော် ဆောင်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ပြန်လည်ရရှိဖို့ အလေးထား ဆွေး နွေးခဲ့တယ်လို့ ပါကစ္စတန်က ပြောပါတယ်။

စစ်သွေးကြွတွေ လက်ခံထားတယ်ဆိုတာကို တာလီဘန်အဖွဲ့က ငြင်းဆန်ခဲ့ပြီး ပါကစ္စတန်ဟာ သတင်းမှားတွေဖြန့်ကာ အာဖဂန်နစ္စတန်နိုင်ငံ မတည်မငြိမ်ဖြစ်အောင် အိုင်အက်စ်အဖွဲ့နဲ့ပတ်သက်တဲ့ အဖွဲ့တွေကို ပံ့ပိုးကူညီခဲ့တယ်လို့ တာလီဘန်အဖွဲ့က စွပ်စွဲခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံတွင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အာဖဂန်မြေကို အသုံးပြုနေတဲ့ ကြားခံအုပ် စုတွေကို တာလီဘန်အဖွဲ့က ထိန်းချုပ်ရမယ်လို့ ပါကစ္စတန်စစ်တပ် အကြီးအကဲ အဆင်းမူနာက ပြောပါ တယ်။

ကိုးကား – Reuters
Ref; Pakistan, Afghanistan agree to immediate ceasefire during Doha talks, says Qatar