ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

ဟားမာစ်အဖွဲ့ကို လက်နက်မဖျက်သိမ်းဘဲ ပါလက်စတိုင်းနယ်မြေကို စစ်မဲ့ဇုန်မလုပ်သရွေ့ ဂါဇာ မှာ စစ်ပွဲပြီးဆုံးမှာ မဟုတ်ဖူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံ အကျိုးဆောင်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟားမာစ် အဖွဲ့က စနေနေ့ညပိုင်းမှာ ဓားစာခံနှစ်ဉီးရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးပြီးနောက် သူက အခုလို ကြေညာခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့် ပြီးစီးမှုဟာ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး မှာ မရှိမဖြစ်အရေးကြီးတယ်လို့ နေတန်ယာဟုက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့်မှာ ဟားမာစ်အဖွဲ့ကို လက်နက်ဖျက် သိမ်းဖို့နဲ့ ဂါဇာကမ်းမြောင်ဒေသကို စစ်မဲ့ဇုန်လုပ်ဖို့ ပါဝင်ပါတယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကျိုးဆောင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ ဟားမာစ်အဖွဲ့က အသက်ရှင်နေဆဲ ဓားစာခံ ၂၀ ဉီး၊ အစ္စရေး (၉) ဉီးနဲ့ နီပေါတစ်ဉီးရဲ့ ရုပ်ကြွင်းတွေ ကို လွှဲပြောင်းပေးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး အာဏာတည်ခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နောက်ပိုင်း အစ္စရေးနိုင်ငံက ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နီးပါးနဲ့ ရုပ်ကြွင်း ၁၃၅ ခုကို လွှဲပြောင်းပေးခဲ့ပါတယ်။

အီဂျစ်နဲ့ ဆက်သွယ်ထားတဲ့ ရာဖာတံတား ပြန်လည်ဖွင့်လှစ်မှုဟာ ဂါဇာမှာရှိနေဆဲ ဓားစာခံတွေရဲ့ အလောင်းအားလုံး ပြန်ပေး မပေးဆိုတဲ့ ဟားမာစ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ နေတန်ယာ ဟုက ပြောပါတယ်။

ရာဖာတံတား ပိတ်ထားမှုက ဓားစာခံရုပ်ကြွင်းတွေ ဖော်ထုတ်မှုနဲ့ လွှဲပြောင်းမှုမှာ သိသာတဲ့ ကြန့် ကြာမှုတွေ ဖြစ်စေနိုင်တယ်လို့ ဟားမာစ်အဖွဲ့က သတိပေးခဲ့ပါတယ်။

ကိုးကား – AFP
Ref; Israeli PM Netanyahu says Gaza war not over until Hamas disarms