ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်ဖို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ကတိပြုခဲ့တယ်လို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီးနောက် ၎င်းတို့နှစ်ဉီးကြား ဖုန်းပြောဆိုမှုကို သိရှိခြင်းမရှိဘူး လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“အရိုးသားဆုံးပြောရရင် ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ထရမ့်ကြား မနေ့က ဖုန်းပြောဆိုမှုကို ကျွန် တော် မသိပါဘူး” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ရန်ဟာဂျိုင်ဝယ်က နယူးဒေလီမြို့မှာ ကျင်းပတဲ့ ရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို ပြောပါတယ်။

အိန္ဒိယက ရုရှားမှ ရေနံစိမ်းဝယ်ယူမှုကြောင့် ဒေါ်နယ်ထရမ့်က အိန္ဒိယကုန်စည်တွေအပေါ် စည်း ကြပ်ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေး အေးစက်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်တွေကို အိန္ဒိယနိုင်ငံက လိုက်နာနေတယ်ဆိုတာကို အောက်တို ဘာလ ၁၆ ရက် ထုတ်ပြန်ချက်အတွင်း ရန်ဟာဂျိုင်ဝယ်က အတည်မပြုခဲ့ပေမယ့် အမေရိကန်နဲ့ စွမ်းအင် ဆိုင်ရာဆက်ဆံရေး တိုးမြှင့်ဖို့ အိန္ဒိယက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ မိုဒီကြား ဖုန်းပြေဆိုမှုအကြောင်း မေးမြန်းရာမှာ အိမ်ဖြူတော် အရာရှိတစ်ဉီးက အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖြေကြားခဲ့ပြီး အိန္ဒိယဟာ ရုရှားမှ ရေနံဝယ် ယူမှု ဖြတ်တောက်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဖိအားပေးမှုရှိလင့်ကစား အိန္ဒိယက ရုရှားမှ ရေနံစိမ်း ဆက်ဝယ်ယူမယ်လို့ ယုံ ကြည်ကြောင်း ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်ခ်က အောက်တိုဘာလ ၁၆ ရက်မှာ ပြော ကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ မိုဒီတို့ဟာ ပြီးခဲ့တဲ့အပတ်က ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်လည်သုံး သပ်ဖို့ စကားပြောဆိုခဲ့ပြီး အိန္ဒိယ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ သဘောတူညီချက် ညှိနှိုင်းဖို့ လက်ရှိ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

ကိုးကား – Bloomberg
Ref; India says unaware of Trump-Modi conversation on Russian oil