
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ဥရောပသမဂ္ဂက မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာမဟုတ်ဖူးလို့ လူ့အခွင့်အရေး မဟာမင်းကြီး Kajsa Ollongren က ပြောကြားခဲ့ပြီး အပြောင်းအလဲပြုရေး စစ်ကော်မရှင် ကို တွန်းအားပေးဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နည်းလမ်းက လွတ်လပ်ပြီး တရားမျှတမှုမရှိဘူး ဆိုတာ ညွှန်ပြနေတယ်လို့ ၎င်းက ပြောပါတယ်။
“မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းပြောင်းရေး အခိုင်အမာ တွန်းအားပေးဖို့ အာဆီ ယံအဖွဲ့ အပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေကို ကျွန်မတို့ တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေသရွေ့ ဒေသတစ်ခုလုံး မတည်မငြိမ်ဖြစ်နေပြီး အာဆီယံနိုင်ငံတွေ အတွက် မြန်မာ့အရေးဟာ နံပါတ်တစ် စိုးရိမ်စရာကိစ္စဖြစ်သင့်တယ်လို့ ကွာလာလမ်ပူမြို့တော်မှာ AFP သ တင်းဌာနနဲ့ အင်တာဗျူးမှာ ၎င်းက ပြောပါတယ်။
အာဆီယံအဖွဲ့အား ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ရေးကိစ္စ ဆွေးနွေးမယ့် လာမယ့်အပတ် ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင် မီ Kajsa Ollongren က အခုလို မှတ်ချက်ပြုတာပါ။
“မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ ဆိုလိုတာ က မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို တစ်ကယ့်ရွေးကောက်ပွဲအဖြစ် ကျွန်မတို့ အသိအမှတ်မပြု နိုင်ပါဘူး” လို့ ၎င်းက ပြောပါတယ်။
ရွေးကောက်ပွဲကို စစ်ဖြစ်နေတဲ့နေရာတွေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နေရာတွေမှာ ကျင်း ပနိုင်မှာမဟုတ်ဖူးလို့ စစ်ကော်မရှင်က ဝန်ခံထားပါတယ်။
ကိုးကား – AFP
Ref; Asean must ‘push for change’ in Myanmar: Top EU rights official