
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
အင်ဒိုနီးရှားနိုင်ငံက တရုတ်မှ J-10 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူတော့မယ်လို့ ထိပ်တန်း စစ် ဘက် အရာရှိတစ်ဉီးက ပြောကြားခဲ့ရာ ပါကစ္စတန်နိုင်ငံပြီးပါက အဆိုပါတိုက်လေယာဉ်မျိုး အသုံးပြု မယ့် ဒုတိယမြောက် ပြည်ပစစ်တပ် ဖြစ်လာဖွယ်ရှိပါတယ်။
စစ်တပ်ကို အဆင့်မြှင့်တင်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံဟာ မ ကြာမီမှာ တရုတ်မှ J-10 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျာဖရီဂျန်ဆိုဒင် က သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘတ်ဂျက် ဒေါ်လာ ၉ ဘီလီယံနီးပါး အတည်ပြုခဲ့ တယ်လို့ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး ပါဘရာယူဒီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။
“အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီဂျက်တိုက်လေယာဉ်တွေ ပေကျင်းမြို့ကနေ ဂျကာတာမြို့ ကို ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ ကျွန်တော် စစ်ဆေးရပါမယ်” လို့ ၎င်းက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်မှ J-10 ဂျက်တိုက်လေယာဉ် ၄၂ စင်းထက်မနည်း ဝယ်ယူမယ်လို့ သိ ရပါတယ်။
Chengdu Aircraft Corporation က တတိယမျိုးဆက် ဂျက်တိုက်လေယာဉ်အဖြစ် ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ J-10 ဂျက်တိုက်လေယာဉ်တွေကို မကြာသေးမီနှစ်တွေအတွင်း ၄ ဒသမ ၅ မျိုးဆက်အ ဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။
J-10 ဂျက်တိုက်လေယာဉ်ကို ခေတ်မီ အင်ဂျင်နဲ့ ရေဒါစနစ်အပြင် PL-15 ရေဒါပဲ့ထိန်း တာဝေး ပစ် ဝေဟင်-ဝေဟင်ခွင်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပဉ္စမမျိုးဆက် KAAN ဂျက်တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူဖို့ ဇူလိုင်လအ တွင်း တူရကီနိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပြင်သစ်နိုင်ငံထုတ် ရာဖေးလ်ဂျက်တိုက်လေယာဉ် ၄၂ စင်း ဝယ်ယူဖို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမှာစာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပထမအသုတ် ဂျက်တိုက်လေ ယာဉ်တွေ လာမယ့်နှစ်အစောပိုင်းမှာ ရောက်ရှိလာဖို့ မျှော်မှန်းရပါတယ်။
ကိုးကား – Bangkok Post
Ref; Indonesia set to buy Chinese J-10 fighter jets amid push to modernise military