
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ ဟန်ဂေရီနိုင်ငံသို့သွားရောက်ဖို့ စီစဉ်နေတယ်လို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား အမည်းစက်ထင်သော စစ်ပွဲကို အဆုံးသတ်ရေး ကူညီလိုတယ်လို့ ဒေါ်နယ် ထရမ့်က ပြောပါတယ်။
ကြာသပတေးနေ့က ပူတင်နဲ့ ဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး ဆွေးနွေးမှုဟာ အပြုသဘောဆောင်ခဲ့ တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လာမယ့်နှစ်ပတ်အတွင်း ပူတင်နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဆွေးနွေးမှုအပြီးမှာ သူက သတင်း ထောက်တွေကို ပြောပါတယ်။
လာမယ့်အပတ်မှာ ရုရှား အကြီးတန်းတာဝန်ရှိသူတွေနဲ့ အစည်းအဝေးတစ်ခုပြုလုပ်ဖို့ သဘောတူ ခဲ့ပြီး အမေရိကန်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဉီးဆောင်မယ်လို့ သူက ဆိုပါတယ်။
ဖုန်းပြောဆိုမှုဟာ ၂ နာရီခွဲနီးပါး ကြာမြင့်ခဲ့ပြီး အလွန် အသုံးဝင်ခဲ့တယ်လို့ ရုရှားသမ္မတလက် ထောက် ယူရီအူရှာကော့ဗ်က ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။
ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ပေးပို့နိုင်မှုနဲ့ပတ်သက်လို့ ပူတင်က ဒေါ်နယ်ထရမ့်ကို သ တိပေးခဲ့ပြီး ယင်းသို့လုပ်ဆောင်ပါက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယနေ့ အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဝါရှင် တန်မြို့တော်သို့ ရောက်ရှိနေပြီလို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဇီလန်စကီးက ပူတင်ကို ဝေဖန်ခဲ့ပြီး အမေရိကန်နိုင်ငံက တိုမာဟော့ခ်ဒုံးကျည် ပေးပို့မယ့်ခြိမ်း ခြောက်မှုကြောင့် ဆွေးနွေးမှုပြန်စဖို့ တွန်းအားပေးနေတယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Trump: May meet Putin in Hungary over ‘next two weeks’