ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

 

စစ်ကော်မရှင်တပ်မှ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ထားသည့် ပြည်သူ့စစ်မှုထမ်းတပ်သား ခုနစ် ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း-၉ ထံ အလင်းဝင်ခိုလှုံလာကြောင်း သိရသည်။

 

အလင်းဝင်လာသည့် ခုနစ် ဦးသည် စစ်ကော်မရှင်တပ် ဒကစ-ပြည်(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ပြည်) ခလရ ၇၅ တပ်ရင်းမှ စစ်မှုထမ်း သင် တန်းသားသစ်များဖြစ်ကာ အမှတ်စဉ် (၇) ၊ (၁၀) နှင့် (၁၃) မှ သင်တန်း ဆင်းများဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် KNLA တပ်မဟာ (၃) နယ်မြေ ညောင်လေး ပင်ခရိုင် ကျောက်ကြီး (လယ်ဒို) မြို့နယ် အခြေစိုက် KNLA တပ်ရင်း -၉ ထံသို့ အောက်တိုဘာ ၁၅ ရက်နေ့က အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း KNU ကထုတ်ပြန်သည်။

 

ယင်းတို့ထဲမှ နှစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ်ရောင်းစားခံရခြင်းဖြစ်ကြောင်းနှင့် အခက်အခဲအမျိုး မျိုးကြောင့် အလင်းဝင်ဘက်ပြောင်းခိုလှုံလာစဉ် ၎င်းတို့အနေဖြင့် လက်နက်များယူဆောင် လာနိုင်ခြင်း မရှိသော်လည်း လယ်ဒိုမြို့နယ်တာဝန်ရှိသူများက နေရာ ထိုင်ခင်း၊ အစားအစာ နှင့်‌ အဝတ်အစားများ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

 

KNU မှ အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှု ထမ်းခိုင်းစေခံနေရသည့် စစ်ကော်မရှင်တပ် အတွင်းမှ တပ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ရရာနည်းနှင့်လက်နက်ချ အလင်းဝင်ကြရန် တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ-KNU