ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

အများယုံကြည်ရသော ရလဒ်တစ်ခု ဖြစ်လာနိုင်ဖွယ်မရှိလို့ စစ်တပ်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာပြု လုပ်မယ့် ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကတ်ဆာအိုလောင်ဂရန်က ကြာသပတေးနေ့မှာ ပြောပါ တယ်။

ဥရောပသမဂ္ဂဟာ သက်ဆိုင်သူအားလုံး မပါဝင်တဲ့ မြန်မာစစ်ကော်မရှင်ရဲ့ ဒီဇင်ဘာရွေးကောက်ပွဲ ကို အသိအမှတ်မပြုဘူးလို့ သူက ဆိုပါတယ်။

ဒီဇင်ဘာလနှောင်းပိုင်းမှာစတင်မယ့် ရွေးကောက်ပွဲဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ အရပ်သား ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာစစ်တပ်ကို တရားဝင်မှုရရှိစေမယ့် အတုအယောင်ရွေး ကောက်ပွဲလို့ အနောက်နိုင်ငံတွေက ခေါ်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့အခြေအနေတွေ ပြည့်မီခြင်းမရှိလို့ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ပင်လျင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေမှာ မဟုတ်ဖူးလို့ ကတ်ဆာအိုလောင်ဂရန်က ပြောပါတယ်။

“စစ်အစိုးရ ကမကထလုပ်တဲ့ ရွေးကောက်ပွဲလို့ ကျွန်မ ခေါ်ပါမယ်။ စစ်အစိုးရက ရွေးကောက် ပွဲကို ကမကထလုပ်ရင် ရလဒ်တစ်ခုသာ ထွက်စေနိုင်ပါတယ်” လို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ၎င်းက ပြောပါတယ်။

တိုင်းပြည်တစ်ဝှမ်း နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်မှုတစ်ခု ဖြစ်စေခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေပါ တယ်။

စစ်တပ်ကျောထောက်နောက်ခံအစိုးရဟာ ရွေးကောက်ပွဲကို တစ်နိုင်ငံအတိုင်းအတာ ကျင်းပနိုင် မှာမဟုတ်ဖူးလို့ စစ်ကော်မရှင် အကြီးအကဲ မင်းအောင်လှိုင်က ဝန်ခံခဲ့ရာ ရွေးကောက်ပွဲမှာ အားလုံးမပါဝင် နိုင်တာ ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံမှုဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Myanmar elections unlikely to see credible outcome, EU human rights rep says