
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်
အချက် ၂၀ ပါ ငြိမ်းချမ်းရေး စီမံချက်နဲ့အညီ ဟားမာစ်အဖွဲ့က လက်နက်ချရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အာမခံချက် ထုတ်ပြန်ခဲ့ပြီး လိုက်နာဖို့ပျက်ကွက်ရင် ဟားမာစ်အဖွဲ့ကို အင်အား သုံးပြီး ဖျက်သိမ်းမယ်လို့ သတိပေးလိုက်ပါတယ်။
အလည်အပတ်ရောက်ရှိနေတဲ့ အာဂျင်တီးနားသမ္မတ ဂျေဗီးယားမီလေးနဲ့ အိမ်ဖြူတော်မှာ နေ့ လည်စာ သုံးဆောင်စဉ် သူက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
“ဟားမာစ်အဖွဲ့က လက်နက်မဖြုတ်သိမ်းရင် ကျွန်တော်တို့က လက်နက်ဖြုတ်သိမ်းရလိမ့်မယ်။ ကျွန်တော် ကစားပွဲ ကစားနေတာမဟုတ်ဖူးဆိုတာ သူတို့ သိပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဟားမာစ်အဖွဲ့ကို သင့်တော်တဲ့ အချိန်ကာလပေးပြီး လက်နက်ဖြုတ်သိမ်းမယ်လို့ ဒေါ်နယ်ထရမ့် က ပြောပေမယ့် အချိန်အတိအကျပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
စီမံချက်အရ ဂါဇာဒေသရှိ ဉမင်လိုဏ်ခေါင်းတွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးကာ လွတ် လပ်သော လေ့လာစောင့်ကြည့်သူတွေက လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်ကို ကြီးကြပ်မယ်လို့ သိရ ပါတယ်။
ပါလက်စတိုင်းနိုင်ငံ ထူထောင်ပြီးမှသာ လက်နက်ဖျက်သိမ်းမယ်လို့ ဟားမာစ်အဖွဲ့က အမြဲ ပြော ဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံက ဟားမာစ်အဖွဲ့နဲ့ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတယ်လို့ အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
“အရင်ဆုံး ဟားမာစ်အဖွဲ့က လက်နက်ချရပါမယ်။ ဒုတိယအနေနဲ့ ဂါဇာဒေသမှာ လက်နက်စက်ရုံ တွေ မရှိရပါဘူး။ ဂါဇာကို လက်နက်မှောင်ခိုတာ မရှိပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – UPI
Ref; Trump warns Hamas ‘disarm, or we will disarm you’