ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

အိန္ဒိယနိုင်ငံဟာ မကြာမီမှာ ရုရှားမှ ရေနံဝယ်ယူတာ ရပ်တန့်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ရုရှားက ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အိန္ဒိယဟာ ရုရှားရဲ့ အဓိက ရေနံတင်သွင်း သူ ဖြစ်လာခဲ့ပါတယ်။

“ရုရှားနိုင်ငံကနေ ရေနံမဝယ်တော့ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒီနေ့ ကျွန်တော့်ကို အာမခံခဲ့ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ရုရှားကနေ ရေနံဝယ်ယူတာကို ချက်ချင်း ရပ်တန့်လို့ မရပါဘူး။ ဒီလုပ်ငန်းစဉ်ဟာ အနည်းငယ် အချိန်ကြာမြင့်ပေမယ့် မကြာမီ ဖြစ်လာမှာပါ” လို့ ၎င်းက ဆိုပါတယ်။

ရုရှားနိုင်ငံမှ ရေနံစိမ်းနဲ့ ရေနံထုတ်ကုန်တွေ ဝယ်ယူမှုကြောင့်ဟုဆိုကာ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း အိန္ဒိယသွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါတယ်။

အဆိုပါလုပ်ဆောင်ချက်ဟာ ယူကရိန်းကျူးကျော်စစ် ဆက်ဆင်နွှဲနေမှုကြောင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးမှု အရှိန်မြှင့်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်အပေါ် မှတ်ချက်မပေးပါဘူး။ အိန္ဒိယက ရုရှားမှ ရေနံဝယ်ယူမှု ရပ်တန့်ခြင်းဟာ ယူကရိန်းစစ်ပွဲအတွက် ရေနံမှ အဓိက ဝင်ငွေရှာနေတဲ့ ရုရှားအပေါ် ကြီး မားသော အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။

ကိုးကား – NHK
Ref; Trump: India will stop buying oil from Russia