ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ယူတဲ့အသုံးစရိတ် တိုးမြှင့်ဖို့ အ မေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က နေတိုးမဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

“ခင်ဗျား အင်အားတောင့်တင်းမယ်ဆိုရင် ငြိမ်းချမ်းရေးရမှာပဲ” လို့ ဘရပ်ဆဲလ်မြို့တော်ရှိ နေတိုး အဖွဲ့ဌာနချုပ်မှာ နေတိုးမဟာမိတ်တွေနဲ့ အစည်းအဝေးမစတင်မီ သူက သတင်းထောက်တွေကို ပြောပါ တယ်။

ယူကရိန်းသို့ အမေရိကန် စစ်လက်နက်တွေ ထောက်ပံ့မှုကို အစားထိုးပြီး အမေရိကန် လက်နက် တွေ ပေးပို့မှုအတွက် မဟာမိတ်တွေက ပေးချေရမယ့် ယူကရိန်း လိုအပ်ချက် ဉီးစားပေးစာရင်း (PURL) မှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံတွေဟာ စစ်လက်နက်တွေ ပိုဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ရင် ငြိမ်းချမ်းသော အဆုံးသတ် မှုဖြစ်လာဖို့က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းသို့ ဒေါ်လာ ၂ ဘီလီယံတန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့ဖို့ ကတိပြုထားပြီးဖြစ် တယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါတယ်။

သို့သော်လည်း အဆိုပါပမာဏဟာ ယူကရိန်းသမ္မတ ဇီလန်စကီး ရရှိဖို့မျှော်မှန်းထားတဲ့ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံထက် လျှော့နည်းနေတယ်လို့ သိရပါတယ်။

ဆွီဒင်၊ အက်စတိုနီးယားနဲ့ ဖင်လန်နိုင်ငံတို့က ငွေကြေးထည့်ဝင်ဖို့ ကတိပြုခဲ့ပေမယ့် စပိန်၊ အီတ လီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ကတိရုတ်သိမ်းမှုကြောင့် ဝေဖန်မှုခံခဲ့ရပါတယ်။

ရုရှားနဲ့ ဆောင်းရာသီ ပဋိပက္ခကို ကြံ့ကြံ့ခံ တိုက်ပွဲဝင်ဖို့ ယူကရိန်းဟာ အမေရိကန်ထုတ် စစ်လက် နက်တွေကို ကြီးမားစွာ အားထားနေရပါတယ်။

ယူကရိန်းသို့ပေးတဲ့ စစ်ရေးအကူအညီဟာ ပြီးခဲ့တဲ့နှစ်လအတွင်း ၄၃ ရာခိုင်နှုန်းအထိ လျော့နည်း သွားခဲ့တယ်လို့ Kiel Institute for the World Economy က အောက်တိုဘာလ ၁၄ ရက်မှာ ဖော်ပြခဲ့ပါ တယ်။

ကိုးကား – Reuters
Ref; Hegseth urges allies to boost spending on US weapons for Kyiv