ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေစဉ် မာဒါဂတ်စကားသမ္မတ အန်ဒရေရာဂျိုလီနာမှာ တိုင်းပြည်မှထွက်ပြေးသွားပြီလို့ သိရပါတယ်။
သူ့ဘဝကို ကာကွယ်ဖို့ ဘေးကင်းလုံခြုံသော နေရာတစ်ခုသို့ ထွက်သွားခဲ့ပြီလို့ တနင်္လာနေ့က အွန် လိုင်းမိန့်ခွန်းတစ်ခုမှာ ၎င်းက ထည့်ပြောခဲ့ပါတယ်။
ရာဂျိုလီနာ ပုန်းရှောင်တဲ့နေရာကို မဖော်ပြပေမယ့် သူဟာ ပြင်သစ်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ထွက်ပြေးခဲ့တာလို့ အမေရိကန်နဲ့ ဉရောပမီဒီယာသတင်းတွေက ဖော်ပြခဲ့ပါတယ်။
တရားမဝင် အာဏာသိမ်းယူဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ရာဂျိုလီနာက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံဖြစ်တဲ့ မာဒါဂတ်စကားမှာ အာဏာသိမ်းမှုဖြစ်ခဲ့တယ်လို့ ၎င်းက အရိပ်အမြွက်ပြောခဲ့တာပါ။
အလွန်ချာသော ရေပေးဝေရေးစနစ်နဲ့ ဓာတ်အားပြတ်တောက်မှုတွေကြောင့် စက်တင်ဘာလ နှောင်းပိုင်းကတည်းက မာဂါဂတ်စကားနိုင်ငံမှာ လူငယ်တွေဉီးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။ ဆန္ဒပြပွဲတွေကို စစ်တပ်မှ တပ်ဖွဲ့အချို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲတွေမှာ လူ ၂၂ ဉီး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြီး ခဲ့တဲ့လအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Madagascar president reportedly flees country amid anti-government protests