ဧရာဝတီတိုင်းမ်
(ပုလော)၊ စက်တင်ဘာ ၈ ရက်

 

တနင်္သာရီတိုင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့ နယ်(ပုလော) အတွင်းရှိ ထမင်းမစားရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကော်မရှင် တပ်စခန်းမှာ ခလရ-၂၈၀ တပ်ရင်း၊ အမတ-၃၀၉ တပ်ရင်း၊ အမှတ်(၁၂)တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်ဖွဲ့ဝင် ၄၀ ကျော်တပ်စွဲထားသည့်တပ်စခန်းတစ်ခုဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးအသားအစည်းအရုံး(KNU) ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ-၄ လက်အောက်ခံ KNDO တပ်ရင်း-၇၊ တပ်ခွဲ-၂၊ တပ်ခွဲ-၅၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – KNU