
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဩဂုတ်လအတွင်း အမျိုးသမီး ၇၃ ဦး သေဆုံးခဲ့ပြီး ၅၄ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကော်မရှင်သည် ဩဂုတ်လတွင် လေကြောင်းတိုက်ခိုက်မှုပိုမိုဆောင်ရွက်လာသဖြင့် လေကြောင်း တိုက်ခိုက်မှု ကြောင့်သေဆုံးရသူ ၅၄ ဦး၊ လက်နက်ကြီးပစ်ခံရသူ ခုနစ် ဦး၊ သတ်ဖြတ်ခံရသူ ရှစ် ဦး၊ မီးရှို့သတ်ခံရသူ သုံး ဦးနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူ တစ် ဦးတို့ သေဆုံးကြောင်းသိရသည်။
အဆိုပါသေဆုံးသူအမျိုးသမီးများသည် မန္တလေးတိုင်းမှ ၂၇ ဦးဖြင့်အများဆုံးဖြစ်ပြီး မကွေးတိုင်းမှ ၁၄ ဦး၊ကရင်နီပြည်နယ်မှ ရှစ် ဦး၊ စစ်ကိုင်းတိုင်းမှာ ခုနစ် ဦး၊ ရခိုင်ပြည်နယ် ခုနစ် ဦးတို့ပါဝင်သည်။ထို့ပြင် ကချင်ပြည်နယ်မှ လေး ဦး၊ ပဲခူးတိုင်းမှ လေး ဦး၊ရှမ်းပြည်နယ် တစ် ဦး အပါအဝင် တနင်္သာရီမှ တစ် ဦးပါဝင်ကြောင်းသိရသည်။
စစ်ကော်မရှင်သည် လေးနှစ်ကျော် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်လုပ်ရက်များစွာဖြင့် ရာဇဝတ်မှုများကျူးလွန်လျက်ရှိပြီး လူအခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေ ကြောင်း သိရသည်။
BWU ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ပြီး ၄၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်