
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်
အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေရဲ့ ဟွန်ဒိုင်းကားစက်ရုံ စီးနင်းမှုတစ်ခုအတွင်း ရာနဲ့ချီတဲ့ နိုင်ငံသားတွေ ဖမ်းဆီးခံရမှုကို မဆိုင်းမတွ တုံ့ပြန်ရေး အစွမ်းကုန် ကြိုးပမ်းကြဖို့ တောင်ကိုရီး ယားသမ္မတ လီဂျေမြောင်က အမိန့်ပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းကားစက်ရုံမှာ တောင်ကိုရီးယားနိုင် ငံသား ၃၀၀ ကျော် ဖမ်းဆီးခံရမှုကို ဖြေရှင်းမယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး လိုအပ်ပါက တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံနိုင်ဖို့ သူကိုယ်တိုင် ဝါရှင်တန်မြို့တော်သို့ သွားရောက်မယ်လို့ တောင်ကိုရီးယား နိုင်ငံခြား ရေးဝန်ကြီး ချိုဟွန်က ပြောပါတယ်။
“ကျွန်တော် အလွန်ကို စိုးရိမ်မိပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေ ဖမ်းဆီးခံရတာ ကျွန် တော်တို့တာဝန်လို့ ယူဆပါတယ်” လို့ ၎င်းက အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးမှာ ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ အရေးပါတဲ့ အာရှမဟာမိတ်နဲ့ ရင်းနှီးမြှုပ်နှံသူ တောင် ကိုရီးယားကြား တင်းမာမှုတွေ အခြေအနေဆိုးလာစေနိုင်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားဟာ အမေရိကန်နိုင်ငံရှိ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှု ဒေါ် လာ ၃၅၀ ဘီလီယံ အပါအဝင် ကုန်သွယ်ရေး သဘောတူညီချက် အသေးစိတ်နဲ့ပတ်သက်လို့ တင်းမာမှု တွေ ဖြစ်နေပါတယ်။
အရေးကြီးချိန်မှာ ယခုဖြစ်စဉ်ဖြစ်တာကို စိတ်မကောင်းဖြစ်ရကြောင်း၊ ခေါင်းဆောင်နှစ်ဉီးကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်ရနေမှုကို ထိန်းသိမ်းရမှာဖြစ်ကြောင်း တောင်ကိုရီးယား ဒုတိ ယ နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ယွန်ဂျိုက အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလီဆင်ဟော့ ကာကို ဖုန်းခေါ်ဆိုမှုတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ပြဿနာကို မျှမျှတတ မြန်မြန်ဆန်ဆန် အဖြေရှာဖို့လည်း ၎င်းက တိုက်တွန်းခဲ့တယ်လို့ တောင် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကိုးကား – Reuters
Ref; South Korean president vows support to Koreans arrested in US immigration raid