ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၈ ရက်

သြစတြေးလျနဲ့ ကနေဒါစစ်သင်္ဘောတွေ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်တာကို စစ် တပ်က စောင့်ကြည့်ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပြီး ထိရှလွယ်တဲ့ရေလက်ကြားမှာ အဆိုပါစစ် သင်္ဘောတွေရှိတာ ဒုက္ခဖြစ်စေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“စက်တင်ဘာလ ၆ ရက်က ကနေဒါဖရီးဂိတ်သင်္ဘော ‘ကွိဘက်’ နဲ့ သြစတြေးလျဖျက်သင်္ဘော ‘ဘရစ္စဘိန်း’ တို့ဟာ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရန်စမှု ဖြစ်စေခဲ့ပါတယ်” လို့ တ ရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှုယီက ပြောပါတယ်။

စစ်သင်္ဘောတွေ ဖြတ်သန်းမောင်းနှင်တာကို စောင့်ကြည့်ဖို့ တရုတ်စစ်တပ်က ရေတပ်နဲ့လေတပ် ကို စုရုံးခဲ့ပြီး အခြေအနေကို ထိရောက်စွာ ကိုင်တွယ်ခဲ့ကြောင်း ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။

သြစတြေးလျနဲ့ ကနေဒါရဲ့လုပ်ရပ်တွေက လုံခြုံရေးအန္တရာယ်တွေ တိုးလာစေပြီး တရုတ်တပ်ဖွဲ့ ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားကာ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ သူက ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုမြှင့်တင်ဖို့ ရည်ရွယ်တဲ့ “Operation Horizon’ ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖရီးဂိတ်သင်္ဘော ‘ကွိဘက်’ ကို စေလွှတ်တာလို့ ကနေဒါအစိုးရ ပြောရေးဆို ခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ခြိမ်းခြောက်ဖို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံကလည်း ထိုင်ဝမ်ရေလက်ကြားမှ စစ်သင်္ဘောတွေ စေလွှတ်သလို အနောက်နိုင် ငံတွေကလည်း အဆိုပါရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်မှုတွေ မကြာခဏ ပြုလုပ်ပါတယ်။

တရုတ်နိုင်ငံဟာ ဇွန်လအတွင်းက ထိုင်ဝမ်ရေလက်ကြားမှ ကင်းလှည့်ရေယာဉ်တစ်စင်း ဖြတ် သန်းမောင်းနှင်တဲ့ ဗြိတိန်နိုင်ငံကို ဝေဖန်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ ပြောပါ တယ်။

ကိုးကား – AFP/Reuters
Ref; China criticises Australia, Canada warships in Taiwan Strait