‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၇ရက်

‎ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းတွင် စစ်ကော်မရှင်ထောင်ထားခဲ့သည့် မိုင်အလုံးရေ ရာချီကို အာရက္ခတပ်တော် (AA ) မိုင်းရှင်းလင်းရေးအဖွဲ့များက ရှင်းလင်းနေကြောင်း သိရသည်။

 

မောင်တောမြို့တွင် စစ်ကော်မရှင်ထောင်ထားခဲ့သော မြေမြှုပ်မိုင်းအလုံးရေ ၁၂၈လုံးကို ‎စက်တင်ဘာ ၅ရက်နေ့နှင့် ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တို့တွင် AA က ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။

မောင်တောဒေသအတွင်း နေရပ်ပြန်နေထိုင်သူအရပ်သားများ အန္တရာယ်ကင်းရှင်းရေးအတွက် စစ်ကော်မရှင်တပ်စွဲခဲ့သည့်နေရာများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများအပြင် တောတောင်၊ ကားလမ်း၊ လူနေခြံဝန်းများအထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေရကြောင်း သိရသည်။

မောင်တောမြို့နယ်၊ သစ်တောရွာဝင်ဝကားလမ်းဘေးတွင် စစ်ကော်မရှင်ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၈၅လုံး၊ လေးမိုင်စခန်းဘေး ကားလမ်းမတွင် မြေမြှုပ်မိုင်း ၄၃ လုံးတို့ကို AAက ရှင်းလင်းခဲ့ကြောင်း သိရသည်။

AA သည် ‎မောင်တောမြို့ကို အလုံးစုံထိန်းချုပ်ပြီးနောက် မြို့နယ်အတွင်း ဒေသခံပြည်သူများ ပြန်လည် နေထိုင်ရာတွင် စစ်ကော်မရှင်ထောင်ထားသည့် မိုင်းများနင်းမိပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူများနှင့် အသက်သေဆုံးသူများရှိခဲ့သည်။

စစ်ကော်မရှင်က ၎င်းတို့တပ်စွဲရာနေရာများအပြင် အရပ်သားနေအိမ်ခြံဝန်းအတွင်းအထိပါ မြေမြှုပ်မိုင်း များကို ထောင်ထားသည့်အတွက် အရပ်သားပြည်သူများထိခိုက်သေဆုံးမှုများခဲ့သည်။

ပုံစာ-အာရက္ခတပ်တော် (AA ) မိုင်းရှင်းလင်းရေးအဖွဲ့များ မိုင်းရှင်းလင်းနေစဉ်။