
ဧရာ၀တီတိုင်းမ်
(တောင်ငူ) စက်တင်ဘာ ၇ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့ တောင်ငူဆေးရုံမှ ဆင်းလာသည့် လူနာအမျိုးသမီးကို သွားကြိုသော ကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီဝန်ကျင်က တောင်ငူ – သံတောင်လမ်း ၃ မိုင် ၆ ဖာလုံ လေသာတောင် ကျောင်းတိုက်အနီး လမ်းဘေး ရေမြောင်းအတွင်းသို့ အရှိန်မထိန်းနိုင်၍ ထိုးကျ ခဲ့ခြင်းဖြစ်သည်။
” တောင်ငူ ဆေးရုံဆင်း လူနာသွားကြိုတဲ့ ကားလို့ပြောတယ်။ ယိုင်ထိုးပြီးလာတာ ရှေ့နားရောက်တော့ လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားတယ်။ လမ်းသွား လမ်းလာတွေ ဝိုင်းထောင်ပေးပေမယ့် ကားလမ်းပေါ် တော့ ပြန်တင်လို့ မရဘူး” ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထိုသို့ အရှိန်မထိန်းနိင်ဘဲ လမ်းဘေး ရေမြောင်းထဲ ထိုးကျသွားသော ကားမှာ Hijet အမျိုးအစား ယာဥ်ဖြစ်ပြီး ဆေးရုံဆင်း လူနာ အမျိုးသမီးတစ်ဦး ၊ သံဃာ ၊ ကိုရင် နှင့် အမျိုးသမီးများ စုစုပေါင်း ၁၀ ဦးဝန်းကျင် လိုက်ပါခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
ပုံစာ-အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်သွားသော ကားအားတွေ့ရစဉ်။