
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
ကိုယ်ပိုင် အွန်လိုင်းကြော်ငြာလုပ်ငန်းတွေကို ဉီးစားပေးတဲ့ အမေရိကန် နည်းပညာလုပ်ငန်းကြီး Google ကို ဥရောပသမဂ္ဂက ဒေါ်လာ ၃ ဒသမ ၄၅ ဘီလီယံ ဒဏ်ရိုက်ခဲ့ပါတယ်။
Google ကုမ္ပဏီအား ဒဏ်ရိုက်မယ့်အစီအမံကို ဥရောပကော်မရှင်က သောကြာနေ့မှာ ကြေညာ ခဲ့တယ်လို့ သိရပါတယ်။
Google ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဥရောပတိုက်မှ ယှဉ်ပြိုင်သူတွေအပေါ် သူ့လုပ်ငန်း တွေ အသာရရှိဖို့ ကြော်ငြာနည်းပညာလုပ်ငန်းမှာ သူ့ရဲ့အင်အားကြီးသော ရပ်တည်ချက်ကို အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ဥရောပကော်မရှင်က ပြောပါတယ်။
Google ကုမ္ပဏီဟာ ကြော်ငြာနည်းပညာကို အလွဲသုံးစားပြုကာ ထုတ်ဝေသူတွေ၊ ကြော်ငြာရှင် တွေနဲ့ စားသုံးသူတွေကို ထိခိုက်နစ်နာစေခဲ့တယ်လို့ ဥရောပကော်မရှင်ရဲ့ အမှုဆောင်ဒုတိယဥက္ကဌ တီရီ ဆာရီဘာရာက ပြောပါတယ်။
ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းနေပြီး ဥရောပတိုက်ရှိ ထောင်ချီသော စီးပွားရေး လုပ်ငန်းတွေကို ထိခိုက်စေမယ့် ဒဏ်ကြေးတွေ သတ်မှတ်ခဲ့တယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။
ဥရောပသမဂ္ဂရဲ့ အမေရိကန် နည်းပညာကုမ္ပဏီတွေအပေါ် လုပ်ထုံးလုပ်နည်းတွေကို အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ဆုံးဖြတ်ချက်ဟာ အလွန် မမျှတဘဲ တန်ပြန်အစီအမံတစ်ခု လုပ်ဆောင်မယ်လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; EU imposes 2.95-billion-euro fine on Google for abusive advertising practices