
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့တွင် မူးယစ်ဆေးဝါး ပေါများနေပြီး ရဲတပ်ဖွဲ့၀င်များကိုယ်တိုင်ဖြန့်ဖြူးရောင်းချနေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်က ဝါးခယ်မမြို့ရှိ ADK ဟိုတယ်ကို ဖမ်းဆီးမိရာတွင် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၀င်တစ်ဦးအပါအ၀င် ငါးဦးကို WYဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
“ဝါးခယ်မ မြို့မစခန်းမှူး သန်းထွန်းဆိုတဲ့သူကိုယ်တိုင်က သူ့တပည့်ရဲတွေဆီက လိုင်းကြေးယူပြီး လုပ်ခိုင်းထားတာ “ဟု မြို့ခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဖမ်းမိသော ရဲတပ်သားကို အရေးယူခြင်းမရှိပဲ အခြားလေးဦးကိုသာ အမှုဖွင့်အရေးယူခဲ့သည့်အတွက်မြို့ခံများက ဝေဖန်ပြောဆိုနေကြောင်း သိရသည်။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရဲများက အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစားလုပ်ငမ်းများ လုပ်ကိုင်ခွင့်ပြုပြီး ငွေတောင်းခြင်း၊ မူးယစ်ဆေး ရောင်းခြင်း၊ မူးယစ်ဆေးသယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။