ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ စက်တင်ဘာ ၆ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို တော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးခဲ့ပြီး ငါး ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်အတွင်းသို့ အင်အား ၉၂ ဦးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ကျောက်ကြီးတောင်နှင့်ညောင်နီပင်ရွာကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စနိုက်ပါအပါအဝင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းမှာပြန်လည် ဆုတ်ခွာသွားပြီး စစ်ရေးအခြေအနေမှာမူ ငြိမ်သက်နေဆဲ ဖြစ်ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က ဧရာဝတီတိုင်းမ်ကို ဖြေကြားသည်။

စစ်ကော်မရှငိတပ်သည် ထိုသို့ တိုက်ခိုက်ခံရပြီးနောက် သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို အထမ်းများဖြင့်ကျောက်ကြီး တောင်စခဂိတ်စခန်းသို့သယ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ရွှေတောင်မြို့ရှိ ခုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗျူဟာ(၂၁) ကွပ်ကဲမှု့အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ စနိုက်ပါတပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားသည့်အတွက် ခူးရိုးမဘက်သို့ စက်တပ်လေထီး နှစ် စင်းဖြင့် လာရောက်၍ ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနှင့် တောင်ခမောက်ရွာရှိ ဒေသခံနေအိမ်များပေါ်သို့ပေါင် ၁၀၀ ဗုံးသီး ခြောက် လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့