‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၆ ရက်

‎အာဏာသိမ်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာပြီးနောက် နယ်မြေအချို့ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီး တိုက်ပွဲဖော်ဆောင်လာကာ ဆုံးရှုံးနယ်မြေအချို့ကို ပြန်လည်သိမ်းယူ ခဲ့သည်။

‎စစ်ရှုံးစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားမှ စိတ်ဓာတ်ပျက်ပြားကာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်မှထွက် ပြေးလို စိတ်သာထက်သန်နေကြသော ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များနှင့် အတင်းအဓမ္မ စုဆောင်း ထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုနေ ကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်သည်။

‎စစ်‌ကော်မရှင်သည် ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာ အတန်အသင့်အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံးဗျူဟာကို အသုံးပြုလာ ကြောင်း သိရသည်။

‎ပြီးခဲ့သည့် မတ်လဆန်းစမှ အရှိန်မြှင့်ကာ မိမိတို့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေး အရအရေးပါသောနေရာများကို ပြန်လည်သိမ်း ပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတွင် အချို့သောနေရာများ၌ အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည်ဟု AA က‌ ပြောသည်။

‎စစ်ကော်မရှင်သည် ရှမ်းမြောက်ဒေသအတွင်းမှ ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည်။ တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် အသာ စီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီးဝင် ဘဝင်မြင့်ပြီး ယုံကြည်မှုလွန်ကဲနေသော ၎င်းတို့၏ အနိုင်ရ တပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက် နေကြသည့် စစ်မြေပြင်နေရာများသို့ ရွှေ့ပြောင်းကာ ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း AA က ဆိုသည်။

စစ်ကော်မရှင်တပ်သည် ‎AA ၏ ခုခံစစ် နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာ အရ မယှဉ် သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက် ရှိကြသည်။

ထို့အပြင် မရှုမလှ ပိုင်ရှင်မဲ့အလောင်းများကို ချန်ထားခဲ့ကြရသည့်အပြင် အာရက္ခတပ်တော်နှင့် လက်ရှိ တိုက်ပွဲဖြစ်ပွားနေကြသော တိုက်ပွဲများတွင်လည်း ယခင်နည်းတူ ဆက်လက် အထိနာလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် AA က ထည့်သွင်း ထုတ်ပြန်သည်။

‎ငဖဲမြို့နယ်တိုက်ပွဲ၊ အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ပြည် (ကပစ-၆) အနီးတိုက်ပွဲတို့တွင် စစ်ကော်မရှင်တပ်မှာ ထိခိုက်သေဆုံးမှုများပြားပြီး အလောင်းပင်မကောက်နိုင်အောင် တပ်လန် ထွက်ပြေးခဲ့ရကြောင်း သိရသည်။