ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်မှုနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ အဖွဲ့ကို ဝါရှင်တန်ဒီစီမြို့တော်က တရားစွဲဆိုလိုက်ပါတယ်။

အာဏာပိုင်တွေဟာ ကြာသပတေးနေ့က ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပြီး မြို့တော်ဝန်ရဲ့ ဆန္ဒမပါဘဲ အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်တာဟာ တရားမဝင်ဘဲ တပ်ဖွဲ့ကိုရုတ်သိမ်းဖို့ တရားသူ ကြီးကို တောင်းဆိုပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်မှာ အကြမ်းဖက်ရာဇဝတ်မှုတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခြင်းကြောင့်ဟု ဆိုကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၃၀၀ စေလွှတ်ဖို့ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပါတယ်။

ဝါရှင်တန်ဒီစီ ရှေ့နေချုပ်က ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အမျိုးသားအစောင့်တပ်ဖွဲ့ တရားမဝင် စေလွှတ်တာ ရပ်ဆိုင်းဖို့ တိုင်ချက် ဖွင့်လိုက်ပြီလို့ ပြောပါတယ်။

“သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ဖို့ ဉပဒေအရ လုပ်ပိုင်ခွင့်အာဏာ ရှိပါတယ်” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ရာဇဝတ်မှုတွေကို နှိမ်နင်းရန်အတွက်ဟုဆိုကာ ဝါရှင်တန်ဒီစီရှိ နေရာအသီးသီးသို့ အမျိုးသားအ စောင့်တပ်ဖွဲ့ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ အရိပ်အမြွက်ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းအခြေချတွေရဲ့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ ဇွန်လအတွင်း လော့စ်အိန်ဂျလိစ်မြို့သို့ အ မျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ စေလွှတ်တာဟာ တရားမဝင်ဘူးလို့ ဖက်ဒ ရယ်ခရိုင်တရားရုံးက ဒီလအစောပိုင်းမှာ အမိန့်ချခဲ့ပါတယ်။

ကိုးကား – NHK
Ref; Washington D.C. sues Trump over National Guard deployment