
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်တွေ ဝယ်ယူဖို့ ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးထဲမှ စတာလင်ပေါင် ၁ ဘီလီယံကျော် သုံးစွဲခဲ့ကြောင်း ဗြိတိန်နိုင်ငံက အတည်ပြုခဲ့ပြီး မော်စကိုက ယူကရိန်း ပိုင်နက်တွေကို သိမ်းပိုက်ကာ ဗြိတိန်ပိုင်ပစ္စည်းတွေကို တိုက်ခိုက်မယ်လို့ ရုရှားသမ္မတဟောင်း ဒီမီထရီ မတ်ဗီဒက်ဗ်က ခြိမ်းခြောက်လိုက်ပါတယ်။
ယူကရိန်းအတွက် စစ်လက်နက်ဝယ်ယူမှုကို ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးနဲ့ ပေးချေခဲ့ တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။
“ရုရှားနိုင်ငံတွင်းရှိ ဗြိတိန်ပိုင်ပစ္စည်းတွေ အပါအဝင် ဗြိတိန်ရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို သိမ်းယူ ပြီး ထိန်းချုပ်ခံ ရုရှားရန်ပုံငွေ သို့မဟုတ် အမြတ်အစွန်းတွေ တရားမဝင် သိမ်းယူတာကို ရုရှားက လက် တုံ့ပြန်ပါမယ်” လို့ မတ်ဗီဒက်ဗ်က ပြောပါတယ်။
ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း စတာလင်ပေါင် ၂၅ ဘီလီယံတန်ကြေးရှိ ရုရှားနိုင်ငံ ပိုင်ငွေကြေးတွေကို ဗြိတိန်အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။
ယူကရိန်းကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ဗြိတိန်နိုင်ငံက ရုရှား နိုင်ငံပိုင် ငွေကြေးအကောင့်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း မတ်လအတွင်း ဘဏ္ဍာရေးဝန်ကြီးဌာ နက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လအထိ ရုရှားနိုင်ငံသား ၂၀၀၁ ဉီးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
ဗြိတိန်နဲ့ မဟာမိတ်တွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရုရှားစီးပွားရေးကို သိသိသာသာ ထိခိုက် စေခဲ့ပြီး ၄ နှစ်စာ ရုရှား စစ်ရေးအသုံးစရိတ် စတာလင်ပေါင် ၂၈၇ ဘီလီယံ နစ်နာခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားစစ်တပ်ဟာ အရေးပါတဲ့ အကူအညီတွေရရှိဖို့ မြောက်ကိုရီးယားနဲ့ အီရန်လို ဆိုးသွမ်းနိုင်ငံတွေထံ လှည့်လာခဲ့ပါတယ်။
ကိုးကား – Independent
Ref; Russia warns UK it may seize British property after weapons buy-up