
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် လုယက်မှုနှင့် အိမ်တွင်း၀င်ရောက်ခိုးမှုများ ပိုမိုဖြစ်ပွားလာကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့များအင်အားအများအပြားနှင့် ကင်းလှည့်နေသော်လည်း ခိုဆိုးလုနှိုက်ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေဲသခံများကပြောသည်။
“ပုသိမ်မှာက ခိုးဆိုးလုနိူက်တွေကဖြစ်နေတာပဲ၊ ဖြစ်တိုင်းလဲတရားခံမိတာမျိုးမရှိဘူး။ ပြည်သူတွေကကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်နေရသလိုမျိုး မြို့ပေါ်ကမှောင်တဲ့နေရာတွေဆို မသွားရဲကြတော့ဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မူးယစ်ဆေးဝါးများအလွယ်တကူ၀ယ်ယူရရှိနေခြင်းနှင့် လောင်းကစားလုပ်ငန်းများရှိနေခြင်းကြောင့် ယခုကဲ့သို့ လုယက်မှုများ နှင့် ခိုးယူမှုများ ပိုမိုဖြစ်ပွားလာကြောင်း ရဲတပ်ဖွဲ့၀င်ဟောင်းတစ်ဦးမှသုံးသပ်ပြောဆိုသည်။
ဆိုင်ကယ်စီးပြီး လိုက်လံလုယက်မှုများနှင့် ဆိုင်ကယ်ခိုးယူသူများ၏ CCTV မှတ်တမ်းများကို မြို့ခံများမှ လူမှုကွန်ယက်တွင် ဖော်ပြထားသော်လည်း ယနေ့အထိ တရားခံများ ဖမ်းမိနိုင်ခြင်းမရှိသည့် အတွက်လည်း ပြည်သူများက ဝေဖန်ပြောဆိုကြကြောင်း သိရသည်။
ပုသိမ်မြို့တွင်ရဲများ ကိုယ်တိုင်က အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနဲ့ နှစ်လုံး၊သုံးလိုင်းဒိုင်များကို တရား၀င်ခွင်ပြုပေးခြင်း၊၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု ပြည်သူအချို့က ဆိုသည်။