ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ စက်တင်ဘာ ၅ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ လေရှိကျေးရွာတွင် ဈေးရောင်းနေသော အမျိုးသမီးတစ်ဦးကို ပစ္စည်းလုယက်ပြီး ဓားဖြင့် ထိုးသတ်မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အသတ်ခံရသည့် အမျိုးသမီးသည် ဒေါ်ပါရ်အီး(၃၀ နှစ်ဝန်းကျင်)ဟု သိရပြီး ၎င်းဈေးဆိုင်သည် ရွာအစွန်ဆုံးဘက်တွင် တည်ရှိကြောင်းသိရသည်။

“သတ်သွားတဲ့သူက ယောသားပါ။ အသတ်ခံရတဲ့သူက မင်းတပ်သူ။ ကျွန်တော်တို့အဖွဲ့စည်းအနေနဲ့ထိန်းသိမ်းထားပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

 

မကွေးတိုင်း၊ ဆောမြို့မှ စက်တင်ဘာလ ၃ ရက်နေ့တွင် ချင်းပြည်နယ်ဘက်သို့ စတင်ထွက်ခွာလာပြီး မင်းတပ်-မတူပီအကြား ၅၆ မိုင်တွင် ညအိပ်ကာ စက်တင်ဘာ ၄ ရက်နေ့တွင် လေရှိရွာသို့ ရောက်လာ​ခြင်းဖြစ်ကြောင်းသိရသည်။