ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၅ ရက်

 

ထိုင်းအောက်လွှတ်တော်သည် ဖုမ်ဂျိုင်ထိုင်း (Bhumjaithai) ပါတီ ခေါင်းဆောင် အနုတင် ချန်ဗီရာကူ (Anutin Charnvirakul) ကို ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် မဲအများစုဖြင့် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

 

စုစုပေါင်းမဲ ၄၉၀ တွင် အနုတင်အတွက် ထောက်ခံမဲ ၃၁၁ မဲ၊ ဖြူထိုင်း (Pheu Thai) ပါတီ ကိုယ်စားလှယ်လောင်း ချိုင်ကာဆင်နိတိဆီရီ (Chaikasem Nitisiri) အတွက် ထောက်ခံမဲ ၁၅၂ မဲနှင့် ကြားနေမဲ ၂၇ မဲ ရရှိခဲ့သည်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပေထောင်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်၍ အစိုးရအဖွဲ့တစ်ခုလုံး ဖျက်သိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သည့် ဖုမ်ဂျိုင်းထိုင်းပါတီမှ အနုတင် နှင့် ဖြူထိုင်းပါတီမှ ချိုင်ကာဆင်တို့ ယှဉ်ပြိုင်ခဲ့ကြရာ အနုတင်က အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းမည်ဖြစ်သည်။

 

အနုတင် ချန်ဗီရာကူ ကို ၁၉၆၆ ၊ စက်တင်ဘာ ၁၃ ရက်တွင် ဘန်ကောက်မြို့၌ မွေးဖွားခဲ့ပြီး နိုင်ငံရေးလောကတွင် ၂၉ နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၀၆ ခုနှစ်တွင် ဖျက်သိမ်းခံ ခဲ့ရသည့် ထိုင်းရတ်ထိုင်း ပါတီ၏ ဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့ရာမှ နိုင်ငံရေးမှ ငါးနှစ်ပိတ်ပင်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ပိတ်ပင်မှုမှ လွတ်မြောက်လာပြီးနောက် ဖခင်ဖြစ်သူထံမှ ဖုမ်ဂျိုင်းထိုင်းပါတီခေါ င်းဆောင်ရာထူးကို ဆက်ခံခဲ့သည်။

 

ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ အစိုးရလက်ထက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဆရက်သာ ထာဝီဆင် နှင့်ပေထောင်တန်ရှင်နာဝပ် တို့၏ အစိုးရအဖွဲ့ လက်ထက်တွင်လည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

 

ကိုးကား-The Nation Thailand
Ref; Anutin elected as Thailand’s 32nd Prime Minister with majority vote