
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ရုရှားနဲ့စစ်ပွဲ ပြီးဆုံးပါက ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့တွေ စေလွှတ်ဖို့ နိုင်ငံ ၂၆ ခုက ကတိပြုခဲ့တယ် လို့ သိရပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ နိုင်ငံ ၃၀ ကျော်မှ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့ ပြင်သစ်နိုင် ငံ၊ ပါရီမြို့တော်သို့ ရောက်ရှိနေပြီး အချို့က အွန်လိုင်းမှ တက်ရောက်ခဲ့ပါတယ်။
မဟာမိတ်တွေဟာ ယူကရိန်းသို့ တပ်ဖွဲ့တွေ စေလွှတ်ဖို့ ကတိပြုထားတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘယ်တိုင်းပြည်တွေက စစ်ဘက်တပ်ဖွဲ့ ဝင်တွေ စေလွှတ်မယ်ဆိုတာကိုတော့ ၎င်းက အသေးစိတ်မပြောပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခြားခေါင်းဆောင်တွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြု လုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။
ရုရှားရေနံနဲ့ဓာတ်ငွေကဏ္ဍကို ထပ်မံ ဒဏ်ခတ်ပိတ်ဆို့ဖို့ သဘောတူခဲ့ပြီး ရုရှားစီးပွားရေးကို ပံ့ပိုး ကူညီတဲ့ တရုတ်လိုတိုင်းပြည်တွေကို ပြစ်ဒဏ်တွေသတ်မှတ်ဖွယ်ရှိတယ်လို့ သူက ဆိုပါတယ်။
“အရေးကြီးဆုံးက စစ်ပွဲရပ်တန့်ဖို့ ရုရှားကို စီးပွားရေးအရ အရေးယူဖို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရဖို့ အရေးကြီးတဲ့အချက်က ရုရှားရဲ့ ငွေကြေးအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်” လို့ ဇီလန် စကီးက ပြောပါတယ်။
ဉရောပတိုင်းပြည်တွေဟာ ရုရှားထံမှ တစ်နှစ်လျင် ဒေါ်လာ တစ်ဘီလီယံကျော်တန်ကြေးရှိ စွမ်း အင် ဝယ်ယူရာ စွမ်းအင်ဝယ်ယူမှု ရပ်တန့်ဖို့ ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။
ရုရှားကျူးကျော်စစ်ကို ငွေကြေးထောက်ပံ့တဲ့ တရုတ်နိုင်ငံအပေါ် ဉရောပခေါင်းဆောင်တွေက စီးပွားရေးအရ ဖိအားပေးရမယ်လို့ သူက ပြောပါတယ်။
ကိုးကား – NHK
Ref; Twenty-six countries pledge troops to Ukraine after Russia fighting ends