ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံရေးရာ ဒုတိယအထွေထွေအတွင်းရေးမှူး H.E. Olof Skoog နှင့် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံမှုတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့နိုင်ငံရေးအခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

ဥရောပသမဂ္ဂ၏ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကလည်း EU အနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းနေသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-NUG

ပုံစာ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် EU နိုင်ငံရေးရာ ဒုတိယအထွေထွေအတွင်းရေးမှူး H.E. Olof Skoog တို့ကိုတွေ့ရစဉ်။