
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာ မှုနဲ့ပတ်သက်လို့ သားဖြစ်သူ ကင်အဲရစ်က သတိပေးချက်တစ်ရပ် ထုတ်ပြန်ကာ သူ့ကို ဆေးကုသခွင့်ပြုဖို့ စစ်ကော်မရှင်ကို တိုက်တွန်းကာ ကြားဝင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း အကျဉ်းချခံထားရတဲ့ အသက် ၈၀ နှစ်အရွယ် မိခင်ဖြစ်သူဟာ ဆိုးရွား သော နှလုံးရောဂါ ခံစားနေရကြောင်း ကင်အဲရစ်က ပြောပါတယ်။
“မေမေရဲ့ နှလုံးရောဂါအခြေအနေက ဆိုးရွာလာလို့ အကျဉ်းထောင်ပြင်ပက နှလုံးရောဂါအထူး ကုတစ်ဉီးနဲ့ ပြသဖို့ တောင်းဆိုခဲ့ပါတယ်။ ခွင့်ပြု မပြုတော့ ကျွန်တော် မသိပါဘူး” လို့ သူက ဆိုပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟိဂ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာစစ် ကော်မရှင်ကို တောင်းဆိုခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ့်အချိန် ရောက်ပါပြီ။ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဒေါ် အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးရပါမယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စွဲချက်များစွာနဲ့ ကြောက်မတ်ဖွယ်ရာ အခြေအနေတွေနဲ့ ထိန်းသိမ်း ခံထားရပြီး သူ့ကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ်အတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းသုံးဉီးက တောင်း ဆိုခဲ့ပါတယ်။
မြန်မာစစ်ကော်မရှင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံဟာ ရက်စက်ကြမ်းကြုတ်ပြီး အ သက်ဘေးခြိမ်းခြောက်မှုအဖြစ် ကင်အဲရစ်က ရှုတ်ချခဲ့ပါတယ်။
မိခင်ဖြစ်သူ လွတ်မြောက်ရေး ကူညီကြဖို့ ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံခဲ့ပြီး မိခင်ဖြစ်သူ အရေးပေါ် ဆေးကုသဖို့ လိုအပ်မှုနဲ့ မတရား အကျဉ်းချထားမှုကို အလေးထားပြောလိုက်ပါ တယ်။
“မေမေဟာ အသက် ၈၀ နှစ်အရွယ်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ပါတယ်။ မေမေ့ကို လွှတ်ပေးဖို့ လိုအပ်ပြီး ဒီမိုကရေစီနဲ့ တိုင်းပြည်လွတ်မြောက်ရေး ရပ်တည်မှုအတွက် နိုင်ငံရေးအကျဉ်း သား မဖြစ်သင့်တော့ပါဘူး” လို့ သူက ဆိုပါတယ်။
ကိုးကား – The Independent
Ref; Imprisoned Aung San Suu Kyi facing heart problems as son shares fears for mother’sdeteriorating health