ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

ယူကရိန်းသို့ မည်သည့်ပုံစံဖြင့်ဖြစ်စေ ပြည်ပတပ်ဖွဲ့တွေ စေလွှတ်တာကို ဆွေးနွေးဖို့ ရုရှားနိုင်ငံ မှာ အစီအစဉ်မရှိဘဲ ပြည်ပတပ်ဖွဲ့တွေ စေလွှတ်တာဟာ လက်သင့်ခံစရာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ယနေ့ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းသို့ ဉရောပတပ်ပေါင်းစု စေလွှတ်ဖို့ ဉရောပကော်မရှင်ဉက္ကဌ အူဆူလာဗွန်ဒါလီယန်းရဲ့ အစီအစဉ်ကို သူက အခုလို မှတ်ချက်ပြုတာပါ။

ယူကရိန်းနိုင်ငံသို့ ဉရောပတပ်ပေါင်းစု စေလွှတ်ဖို့ အကြံပြုချက်ကို ဂျာမနီနိုင်ငံက ပယ်ချထား တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုပါရှိမယ့် ပဋိပက္ခအလွန် လုံခြုံရေးအာမခံချက်တွေရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ် ယူကရိန်းသို့ နိုင်ငံစုံတပ်ပေါင်းစု ဖြန့်ကြက်မယ့် အစီအစဉ်တွေကို ဉရောပတိုက်က ရေး ဆွဲနေတယ်လို့ တနင်္ဂနွေနေ့က Financial Times နဲ့ အင်တာဗျူးမှာ ဗွန်ဒါလီယန်းက ပြောပါတယ်။

“အခြေခံအားဖြင့် လက်သင့်ခံစရာမရှိဘဲ လုံခြုံရေးကို ထိခိုက်စေတဲ့ ယူကရိန်းအရေးမှာ ဘယ်လို ပုံစံနဲ့မဆို ပြည်ပစွက်ဖက်မှုကို ရုရှားနိုင်ငံက ဆွေးနွေးမှာမဟုတ်ဖူး” လို့ အပတ်စဉ် သတင်းစာရှင်းလင်း ပွဲမှာ ဇာခါရိုဗာက သတင်းထောက်တွေကို ပြောပါတယ်။

ဉရောပကော်မရှင် အကြီးအကဲရဲ့ ယူကရိန်းသို့ နိုင်ငံစုံတပ်ပေါင်းစု စေလွှတ်ဖို့ပြောစကားဟာ ဆန္ဒစောလွန်းသောမှတ်ချက်အဖြစ် ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ပယ်ချခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Russia says potential military troops deployment in Ukraine unacceptable