
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
တရုတ်နဲ့ရုရှား အပါအဝင် အမေရိကန်နိုင်ငံကိုဆန့်ကျင်တဲ့ ‘ဝင်ရိုးတန်းနိုင်ငံများ’ နဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
‘ဝင်ရိုးတန်းနိုင်ငံများ’ မှ ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်မှာကျင်းပတဲ့ ဂျ ပန်ကျူးကျော်မှုခုခံခြင်းနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲ တက်ရောက်နေပါတယ်။
Scott Jennings Radio Show မှာ ဒေါ်နယ်ထရမ့်က အခုလို မှတ်ချက်ပြုခဲ့တာပါ။ “ကျွန်တော် လုံးဝကို မစိုးရိမ်ပါဘူး” လို့ သူက ဆိုပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အခြားခေါင်းဆောင်တွေဟာ ဒီသီ တင်းပတ်အစောပိုင်းက တီယန်ကျင်းမြို့တော်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အစည်းအဝေး တက်ရောက်ကာ စည်းလုံးညီညွတ်မှု ပြသမှုအဖြစ် ပေကျင်းမြို့တော်မှာ စစ်ရေးပြပွဲ တက်ရောက်နေပါတယ်။
“ဝင်ရိုးတန်းနိုင်ငံတွေက ကျွန်တော်တို့ကို စစ်ရေးအရ ဘယ်တော့မှ အသုံးပြုမှာမဟုတ်ဖူး။ အဲလို လုပ်ရင်လည်း သူတို့အတွက် အဆိုးရွားဆုံးအရာ ဖြစ်လာပါလိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုနဲ့ တရုတ်ရဲ့ ရန်လိုမှုတွေကို ရင်ဆိုင်နိုင်ရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေချိန် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်က ရှီကျင့်ဖျင်၊ ပူတင်တို့နဲ့အတူ စစ်ရေးပြပွဲ တက်ရောက်ဖို့ စီစဉ်ထားပါ တယ်။
ကိုးကား – Yonhap
Ref; Trump says he’s ‘not concerned at all’ about ‘axis’ including China, Russia