
ဧရာဝတီတိုင်းမ်
(တောင်ငူ) စက်တင်ဘာ ၃ ရက်
တောင်ငူမြို့၊ အမှတ် (၁၈) ရပ်ကွက်၊ အိုးကုန်း၊ ဦးသာကျော်လမ်းရှိ ဦးခင်လှိုင်၏ နေအိမ်တွင် ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
အိမ်အတွင်း မိန်းချထားသော်လည်း တံခါးအပြင်ဘက် မီတာဘောက်သို့ လာသော ဝါယာကြိုးမှ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်တစ်ခုလုံး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်အပြင်က ဝါယာမီးစလောင်တာကို ဘေးပတ်ဝန်းကျင်က ဝိုင်းမငြှိမ်းပေးကြဘူး။ မီးလောင်နေတဲ့ ဝါယာကြိုးကို အဝတ်ပတ်ပြီး ဆွဲချရင်တောင် ရတယ်။ ဘယ်သူမှ ဝင်မလုပ်ဘဲ အားလုံးက ရပ်ကြည့် နေတော့ ခုလိုအထိ လောင်ကျွမ်းသွားတာ” ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများနှင့် နေအိမ်တစ်ခုလုံး လောင်ကျွမ်းခဲ့ သော်လည်း လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့