ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

သဘာဝတောထဲတွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ပန်ဒါနီနို့တိုက်သတ္တဝါများ ထိန်းသိမ်းရေးအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သားဖောက်ထိန်းသိမ်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ကြေညာချက်အရ သိရသည်။

 

ပန်ဒါနီများကျက်စားနေထိုင်သော ခါကာဘိုရာဇီတောင်ရှိရာ ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့မှ ရန်ကုန်မြို့သို့ ဩဂုတ် ၃၀ ရက်နေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ပန်ဒါနီ လေး ကောင်ရောက်ရှိလာပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) စုစုပေါင်း ခြောက် ကောင်ရှိပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်သို့အသစ်ရောက်ရှိလာသည့် ပန်ဒါနီများသည် အသက် ၂ နှစ်အရွယ်ရှိ အထီး တစ် ကောင်နှင့် အမ သုံးကောင်ဖြစ်ပြီး အအေးပိုင်းဒေသမျိုးစိတ်ဖြစ်၍ လေအေးပေးစက်အခန်းတွင် ထားရှိကြောင်း သိရသည်။

 

သဘာဝတောထဲတွင် ပန်ဒါနီအကောင်ရေ တစ်သောင်းအောက်သာရှိနေသဖြင့် ရန်ကုန်တိစ္ဆာန်ဥယျာဉ်တွင် သားပေါက်မျိုးပွားခြင်း ( captive breeding ) အောင်မြင်စွာပြုလုပ်ပြီး ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း တိရစ္ဆာန် (ရန်ကုန်) က ထုတ်ပြန်ထားသည်။

ပန်ဒါနီကလေးများသည် ဝါးပင်များကိုအကြိုက်ဆုံးအစားအစာဖြစ်စားလေ့ရှိကာ အေးချမ်းစွာနေတတ် လေ့ရှိကာ မနက်ပိုင်းနှင့် ညနေပိုင်းတွင် အစားစာခြင်း၊ လှုပ်ရှားသွားလာမှုရှိပြီး နေ့ခင်းပိုင်း၌ အိပ်စက်အနားယူလေ့ရှိကြောင်း သိရသည်။

 

ကချင်ပြည်နယ်ရှိ နှင်းအမြဲဖုံးလွှမ်းနေသောခါကာဘိုရာဇီတောင် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တွင် ပန်ဒါနီများနေထိုင်ကျက်စားပြီး ဟိမဝန္တာပန်ဒါနီနှင့် တရုတ်ပန်ဒါနီ မျိုးစိတ်နှစ်မျိုးရှိကြောင်း မှတ်တမ်းများအရသိရသည်။

 

လက်ရှိတိရစ္ဆာန်ဥယျာဉ်( ရန်ကုန်) သို့ရောက်ရှိသောပန်ဒါနီကလေးများက မျက်နှာအနီရောင်ရှိကာ အမြီးအဆင်းပါဝင်သောကြောင့် တရုတ်ပန်ဒါနီဖြစ်ကြောင်းသိရသည်။

 

ဓာတ်ပုံ – Yangon zoo