ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃ ရက်

 

ယနေ့ စက်တင်ဘာ ၃ ရက်တွင် ကျရောက်သော ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နေ့ အခမ်းအနားကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ တီအန်မင်းရင်ပြင်တွင် ကျင်းပ ခဲ့သည်။

 

အဆိုပါအခမ်းအနားသည် တရုတ်နိုင်ငံ၏ အကြီးဆုံး စစ်ရေးပြ အခမ်းအနားဖြစ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ တို့အပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန် ၊ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် အနောက်နိုင်ငံများကို ဆန့်ကျင်သည့် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနားတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် အခြားခေါင်းဆောင်အချို့ကို တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

 

အိမ်ရှင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျခံ၍ ကျင်းပသည့် အဆိုပါ အခမ်းအနား သည် နိုင်ငံတကာတွင် အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေသည့် ၎င်းတို့၏ရည်မှန်းချက်ကို ဖော်ပြရန် အသုံးချခဲ့ခြင်းဖြစ်ပြီး စစ်ရေးပြပွဲတွင် တရုတ်၏ စစ်အင်အားကို အဓိကပြသခဲ့ရာ၊ ထိုင်ဝမ်အပေါ် စစ်ရေးပြရန် ရည်ရွယ်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

ထို့ပြင် တရုတ်သည် ၎င်းတို့၏ စစ်ရေးခေတ်မီအောင် ပြင်ဆင်မှုတွင် ရုရှားအင်ဂျင်အစား ပြည်တွင်းထုတ်အင်ဂျင်များကို ပိုမိုအသုံးပြုလာသည်ကိုလည်း မြင်တွေ့ရကြောင်း လေ့လာသူများက ဆိုသည်။

 

ဓာတ်ပုံ-ဆင်ဟွာ၊ စစ်ကော်မရှင်