
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
ဗီယက်နမ်နိုင်ငံဟာ ယနေ့ နှစ် (၈၀) ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဆယ်စုနှစ်များစွာ အတွင်း အကြီးမားဆုံး စစ်ရေးပြပွဲ၊ ပြည်သူလူထုအား ငွေကြေးထောက်ပံ့မှု၊ အကျဉ်းသား ၁၄၀၀၀ နီးပါး လွှတ်ပေးမှုနဲ့အတူ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။
စစ်ရေးပြပွဲမှာ တင့်ကားတွေ၊ ဒုံးကျည်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေ အပါအ ဝင် ဗီယက်နမ်နိုင်ငံရဲ့ ခေတ်အမီဆုံး စစ်လက်နက်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ထောင်နဲ့ချီတဲ ဗီယက်နမ်စစ်သည်တွေ၊ တရုတ်၊ ရုရှားနဲ့ အခြားတိုင်းပြည်များမှ စစ်ဘက် အရာရှိ တွေဟာ လွတ်လပ်ရေး အထိမ်းအမှတ်အခမ်းအနားမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
“လွတ်လပ်ရေး၊ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုကို ကာကွယ် စောင့်ရှောက်ဖို့ ကျွန်တော်တို့ မဆုတ်မနစ် ကတိပြုပြီး ပိုင်နက်နယ်မြေတစ်လက်မမျှ ကျူးကျော်မခံပါ ဘူး” လို့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်က ပြောပါတယ်။
လူဉီးရေ သန်း ၁၀၀ ကျော်ရှိရာ ဗီယက်နမ်နိုင်ငံမှာ ဒေါ်လာ သန်း ၃၈၀ အကုန်အကျခံကာ ပြည် သူတစ်ဉီးလျင် ၅ ဒေါ်လာခန့်နဲ့ညီမျှတဲ့ ဒေါင် ၁၀၀၀၀၀ ထောက်ပံ့မယ်လို့ ဗီယက်နမ်အစိုးရက ပြီးခဲ့တဲ့ အပတ်မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံခြားသား ၆၆ ဉီး အပါအဝင် အကျဉ်းသား ၁၃၉၂၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ဗီယက်နမ်သမ္မတ Luong Cuong က ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Vietnam celebrates independence day with huge military parade