ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူတိုက်ပေးဖို့ စေလွှတ်ခဲ့တဲ့ မြောက်ကိုရီးယားစစ်သား ၂၀၀၀ ခန့် ကျဆုံးခဲ့တယ်လို့ တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးဌာနရဲ့ ပြောကြားချက်အရ တတိယအကြိမ် တပ်ဖွဲ့ဝင်များ စေလွှတ်မှုအဖြစ် မြောက်ကိုရီးယားဟာ ရုရှားသို့ စစ်သား ၆၀၀၀ ထပ်မံ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ သိ ရပါတယ်။

စစ်အင်ဂျင်နီယာ ၁၀၀၀ ဝန်းကျင် ရုရှားသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အစောပိုင်း စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရန်တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ပေးထားပါတယ်။

တပ်ဖွဲ့ဝင် ၃၅၀ သာ သေကျေဒဏ်ရာရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် ယူကရိန်းစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၆၀၀ ဝန်းကျင်ရှိတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း မြောက်ကိုရီးယားဟာ ရုရှားရဲ့ အရေးပါဆုံး စစ်ရေးမ ဟာမိတ်တစ်ခု ဖြစ်လာခဲ့ပြီး အမြောက်ကျည်ဆံတွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။

ယူကရိန်းရဲ့ ရုရှားအနောက်ပိုင်း ကာတ်ဒေသတွင်း နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှု ပြုလုပ်ပြီး နောက် စစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ပါဝင်မှု ပိုမို သိသာလာခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားစစ်တပ်နဲ့အတူ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်နေ တယ်လို့ မြောက်ကိုရီးယားက ဧပြီလအတွင်း အတည်ပြုခဲ့ပါတယ်။

တစ်နိုင်ငံ တိုက်ခိုက်ခံရပါက တစ်နိုင်ငံက ကူညီဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်ကြား သဘောတူညီချက်တစ်ရပ်ကို ၂၀၂၄ ခုနှစ် ဇွန်လမှာ လက်မှတ်ရေး ထိုးခဲ့ပါတယ်။

ကိုးကား – The Kyiv Independent
Ref; About 2,000 North Korean soldiers killed fighting for Russia, Seoul says