
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ရက်
ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်များက စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုး တိုက်ခိုက် နေပြီး စစ်နယ်ကျွံနေချိန် စစ်ကော်မရှင်တပ်၏ ရဲတပ်ရင်း (၃၂) ဝင်ရောက်တိုက်ခိုက်ခံနေရကြောင်း သိရသည်။
စစ်ကော်မရှင်၏ ကျောက်ဖြူရှိ ရဲတပ်ရင်း (၃၂) ကို ယနေ့ စက်တင်ဘာ ၂ရက်နေ့တွင် အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
”AAက စနိုက်ဘာနဲ့ အရာရှိပိုင်းတွေကို ပစ်နေတာဟုတ်ပါတယ်။ ရဲတပ်ရင်းဘက်က လက်နက်ကြီး တွေနဲ့ နေ့တိုင်းပစ်နေတော့ အခု အတိုက်ခံနေရတာလည်း ဖြစ်နိုင်ပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏တပ်များ စစ်ကြောင်းများစွာဖြန့်၍ စစ်နယ်ကျွံချောင်ပိတ်မိနေချိန် ကျောက်ဖြူ- ရန်ကုန်လမ်းပေါ်ရှိ စစ်ကော်မရှင်၏ ရဲတပ်ရင်း ၃၂ ကို AA က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
လိပ်ခမော်၊ ပြင်ရှည်စစ်ကြောင်း၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ကန္ဒီးဘက်စစ်ကြောင်းနှင့် ပျားတဲ၊ သပြုတောင်၊ ကြတ္တိန်ဘက်စစ်ကြောင်းများတွင် စစ်ကော်မရှင်တပ်များ ပိတ်မိနေကြောင်း little rabbitထံမှ သိရသည်။
AA သည် ရဲတပ်ရင်း ၃၂ကို ဝင်ရောက်တိုက်ခိုက်နေသည့်အပြင် ကျောက်ဖြူမြို့ပြင်တပ်ရင်း ခမရ ၅၄၃ ကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁ရက်နေ့တွင် စစ်ကော်မရှင်က ဒုတိယအကြိမ် လက်လွှတ်လိုက်ရသည့် လိပ်ခမော်ဘက်ကို ဒရုန်းများဖြင့်ပါ အသုံးပြု စစ်ကြောင်းထိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။
ကျောက်ဖြူပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်သင်္ဘောများမှနေ၍ တိုက်ပွဲဖြစ်ပွားရာ နေရာများကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး ဓညဝတီရေတပ်ဌာနချုပ်မှနေ၍လည်း လက်နက်ကြီး ပစ်ကူများပေးနေကြောင်း သိရသည်။