
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ရက်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကော်မရှင်က ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ဒုတပ်ရင်မှူး သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးအပတ်တွင် ခလရ ၃၆ ကျုံပျော်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်လေးဦးတို့ မိုင်းနင်းမိပြီး ဒုတပ်ရင်းမှူး သေဆုံးကာ ကျန်တပ်ဖွဲ့ဝင် လေဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“ဒုတပ်ရင်းမှူးလုပ်သူက ခြေဖနောင့်ကနေ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်ပြောတယ်။ ဂွအထိတက်မှာလို့ ကြုံးဝါးထားတယ်လို့သိထားရတယ်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သဲဖြူကျေးရွာနှင့် ကျားခေါင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူးသက်နိုင်ထွန်းမှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို အချိန်မီကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုတပ်ရင်းမှူးကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ကို ပို့ဆောင်ချိန်တွင် သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒုတပ်ရင်းမှူးနှင့်အတူ အပြင်အထန်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် လေးဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီး သင်တန် းပေးပြီး ရှေ့တန်းပိုခံရသူများဖြစ်ကြောင်း သိရသည်။
ဧရာဝတီကိုသိမ်းပြီးရင် ဆုံးရှုံးထားသည့် ဂွအထိတက်သိမ်းမည်ဟု ကြုံးဝါးထားပြီး ဒုတပ်ရင်းမှူးသည် သာပေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးတက်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ သေဆုံးသူ ဒုတပ်ရင်းမှူးအလောင်းကို ပုသိမ်မြို့ ရွှေမြင်တင်သုဿာန်တွင် ယနေ့ စက်တင်ဘာ ၂ရက်နေ့၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ပုံစာ-တိုက်ပွဲတွင် သေဆုံးသွားသည် စစ်ကော်ရှင်တပ်မှ အရာရှိ ၁ ဦး၏ နာရေးပြင်ဆင် ထားမှု(ပုံဟောင်း)