
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂ ရက်
အိန္ဒိယနဲ့ရုရှားဟာ ခက်ခဲချိန်တွေမှာပင် ဘေးချင်းကပ်လျက် ရပ်တည်ခဲ့ကြတယ်လို့ အိန္ဒိယဝန် ကြီးချုပ် နာရင်ဒရာမိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ပြောပါတယ်။
တရုတ်နိုင်ငံဆိပ်ကမ်းမြို့ တီယန်ကျင်းမြို့မှာကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အစည်း (SCO) ထိပ်သီးဆွေးနွေးပွဲမှာ မိုဒီက ပူတင်ရဲ့လက်ကိုကိုင်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ လမ်းလျှောက်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ မိုဒီက သူနဲ့ ပူတင်တို့ ပူတင်ရဲ့ ကျည်ကာ ဇိမ်ခံမှန်လုံကား Aurus ထဲမှာ ရိုက်ကူး ထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက် X မှာ တင်ခဲ့ပါတယ်။
“အခက်ခဲဆုံး အခြေအနေတွေမှာတောင် အိန္ဒိယနဲ့ရုရှားဟာ ဘေးချင်းကပ်လျက် ရပ်တည်ခဲ့ပါ တယ်။ နှစ်နိုင်ငံကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူတွေသာမက ကမ္ဘာ့ငြိမ်းချမ်း ရေး၊ တည်ငြိမ်မှုနဲ့ သာယာဝပြောရေးအတွက် အရေးကြီးပါတယ်” လို့ မိုဒီက ပူတင်ကို ပြောပါတယ်။
ရုရှားနဲ့အိန္ဒိယဟာ အထူးဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ဆယ်စုနှစ်ချီ ထိန်း သိမ်းခဲ့ကြောင်း၊ ယင်းမှာ အနာဂတ်တွင် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေမယ့် အခြေခံအုတ်မြစ်ဖြစ်တယ် လို့ ပူတင်က ပြောပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး မကြာသေးမီက ကြိုးပမ်းမှုတွေကို ကြိုဆိုကြောင်း၊ အဖွဲ့အစည်း အားလုံးက အပြုသဘောဆောင်စွာ ရှေ့ဆက်မယ်လို့ မျှော်လင့်ကြောင်း၊ ပဋိပက္ခအမြန်ဆုံး အဆုံးသတ် ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ နည်းလမ်းတစ်ခု တွေ့ရှိရမှာဖြစ်ကြောင်း မိုဒီက ပြောပါတယ်။
ပူတင်ဟာ ကျည်ကာ ဇိမ်ခံမှန်လုံကား Aurus နဲ့ မကြာခဏ ပြည်ပခရီးစဉ်တွေ သွားလေ့ရှိကာ ရံဖန်ရံခါ ပြည်ပခေါင်းဆောင်တွေကို အတူစီးနင်းစေကာ ၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို အဆိုပါဇိမ်ခံကားတစ်စင်း လက်ဆောင်ပေးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Modi says Russia and India stand together even in difficult times