
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ် ၊မြို့ချောင်းကျေးရွာအုပ်စု၊ မြို့တွင်းကျေးရွာတွင် သြဂုတ် ၂၈ ရက်နေ့က စစ်မှုထမ်းရန် အစ်ကိုဖြစ်သူကို လာရောက်ခေါ်ဆောင်စဥ် မတွေ့သည့်အတွက် ညီဖြစ်သူအားခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
ကျေးရွာတွင်နေထိုင်သော လူငယ်တစ်ဦးကို နံမည်စာရင်းပါသည်ဟုဆိုကာ အုပ်ချုပ်ရေးအဖွဲ့ ၊ စစ်တပ်နှင့်ရဲများက ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်စဥ် အထက်ပါအတိုင်းဖြစ်ခဲ့ခြင်းဖြစ်သည်။
“ခုနောက်ပိုင်းလူငယ်တွေက ရွာတွေမှာမနေရဲကြတော့ဘူး။ စစ်သားသစ်ရဖို့ ဥပဒေမဲ့တွေ လုပ်နေကြတာ”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
သြဂုတ် ၂၉ ရက်နေ့တွင် မည်စာရင်းပါသူလူငယ်မှ သွားရောက်အဖမ်းခံသဖြင့် ညီဖြစ်သူကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယခုကဲ့သို့ အတင်းအဓမ္မလူသစ်စုဆောင်းထားသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ပြီး ပြည့်သူစစ်မှုထမ်းအမှတ်စဥ် ၁၇ အဖြစ် သင်တန်းများသို့ စတင်စေလွှတ်ရန် စီစဥ်နေကြောင်းသိရသည်။