ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ၊ အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်း (မဆရ-၄) တွင် ဆေးကုသရန်ပို့ဆောင်ထားသူများမှလွဲ၍ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသူ များကို တပ်စွဲထားရာနေရာတွင်ပင် မီးရှို့သင်္ဂြိုဟ်နေရကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကော်မရှင် တပ်သားများကို ပုသိမ်မြို့ရှိ မဆရ-၄ သို့ ပို့ဆောင်ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီစစ်မြေပြင်မှ ဒဏ်ရာရရှိလာသည့် စစ်ဗိုလ်တစ်ဦးသည် ယမန်နေ့ ဩဂုတ် ၂၇ရက်နေ့က ဆေးကုသနေစဉ်သေဆုံးသွားသည့်အတွက် ရွှေမြင်တင် မီးသဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်သွား ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
”အိမ်စီးကား၊ မီနီဘတ်စ်၊ စစ်ကားရယ်ပြီးတော့ နာရေးကားတွေနဲ့လာပြီး ရွှေမြင်တင်မှာ မကြာခဏ သင်္ဂြိုဟ်နေတာ တွေ့ရပါတယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ-၄ တွင် စစ်ကော်မရှင်တပ်အရာရှိ လူနာများကိုသာ အလေးထားကုသပေးနေပြီး တိုက်ပွဲအတွင်းသေဆုံးသည့် အရာရှိအဆင့်များ၏ အလောင်းကိုပင် ပြန်လည်သယ်ယူခြင်းမပြုတော့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံး စစ်အရာရှိအလောင်းများကို သယ်ဆောင်ခွင့်ရသော်လည်း တိုက်ပွဲအနီး နေရာလွတ်တွင်ပင် တာယာကွင်းများဖြင့် မီးရှို့ သင်္ဂြိုဟ်လျက်ရှိကာ ထွက်ပြေးမှုများရှိနေ၍ ပြန်လည်ဖမ်းမိသူများကို တိုက်ပွဲအတွင်း ပြန်လည်ပို့ဆောင်ခံရကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း မြောက်စမ်းအမြောက်တပ်ကိုလည်း စစ်ကော်မရှင်က စစ်အင်အားအကူ အညီများ ဆက်တိုက်ပို့နေပြီး အမြောက်တပ်အနီးရှိ ကျေးရွာများကိုလည်း ပြောင်းရွှေ့ခိုင်းထားကြောင်း သိရသည်။
ပုံစာ-ရှေ့တန်းကျသွားသည့် စစ်ကော်မရှင်တပ်အရာရှိတစ်ဦး၏နာရေးပြင်ဆင်ထားမှု(ပုံဟောင်း)