ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ယမန်နေ့က မင်နီပူးလစ်မြို့ရှိ ကက်သလစ်စာသင်ကျောင်းတစ်ခုမှာ ဝတ်ပြုဆုတောင်းပွဲ တက် ရောက်နေတဲ့ ကျောင်းသားတွေကို သေနတ်သမားတစ်ဉီးက ပစ်ခတ်ခဲ့ရာ ကလေးငယ်နှစ်ဉီး သေဆုံးပြီး ၁၇ ဉီး ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်သမားဟာလည်း သူ့ကိုယ်သူပစ်ခတ်တဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ သေဆုံး သူကလေးငယ်နှစ်ဉီးဟာ အသက် ၁၀ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေဖြစ်ပြီး ဒဏ်ရာရသူတွေအနက် ၁၄ ဉီးဟာ ကလေးငယ်တွေဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။

သေနတ်သမားဟာ အဆောက်အအုံအပြင်ဘက်မှ ချည်းကပ်လာပြီး ပြတင်းပေါက်မှတစ်ဆင့် ကလေးငယ်တွေကို ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ မင်နီပူးလစ်ရဲတပ်ဖွဲ့ အကြီးအကဲ ဘရိုင်ယန် အိုဟားရားက ပြောပါတယ်။

သေနတ်သမားဟာ ရိုင်ဖက်တစ်လက်၊ ပြောင်းချောသေနတ်တစ်လက်နဲ့ ပစ္စတိုတစ်လက် ပါရှိခဲ့ တယ်လို့ သူက ဆက်ပြောပါတယ်။

သေနတ်ပစ်ခတ်သူဟာ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဉီးဖြစ်ပြီး ပြစ်မှုမှတ်တမ်းရှိသူမဟုတ် ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ဆိုပါတယ်။

အာဏာပိုင်တွေက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး ပစ်ခတ်မှုအကြောင်းရင်းကို ရှာဖွေနေကာ သေနတ်ပစ်ခတ်သူနဲ့ဆက်စပ်တဲ့ နေရပ်တွေကို ရှာဖွေနေတယ်လို့ ဘရိုင်ယန်အိုဟားရားက ပြောပါ တယ်။

အမေရိကန်နိုင်ငံမှာ ယခုနှစ်အတွင်း လူများစွာ သေဆုံးစေတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၂၈၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အိမ်ဖြူတော်က အခြေအနေကို ဆက်လက်ပြီး စောင့်ကြည့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ကိုးကား – NHK
Ref; US school shooting: 2 children dead, 17 people injured