
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၆ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့၊အမှတ် ၃ ရပ်ကွက် ကျေးလက်လမ်းဆုံ ဟင်္သာတ-မြန်အောင်သွားကားလမ်းပေါ်တွင်ဇူလိုင် ၂၂ ရက်နေ့က ခင်ပွန်းဖြစ်သူမှဓါးဖြင့်ထိုးသောကြောင့် ဇနီးဖြစ်သူသေဆုံးသွားကြောင်းသိရှိရသည်။
လွန်ခဲ့သောတစ်လခန့်က နေအိမ်မှစိတ်ဆိုးကာ ဆင်းသွားသော မအိမွန်စိုးကို ခင်ပွန်းဖြစ်သူ ကိုငြိမ်းချမ်းအောင်မှ ပြန်ခေါ်ရာတွင် မလိုက်သဖြင့် အသင့်ယူဆောင်လာသောဓါးဖြင့် အချက်ပေါင်းများစွာထိုးခဲ့ကြောင်း သိရသည်။
“ကောင်မလေးက ဌာနဆိုင်ရာရုံးက နေစား၀န်ထမ်းပါ သူ့ယောကျ်ားက အိမ်ပြန်မလိုက်ရင် သတ်မယ်ဆိုတဲ့ရည်ရွယ်ချက် နဲ့ရက်ရက်စက်စက်စက်လုပ်သွားတာတရားခံကိုလည်းမိထားပါပြီ”ဟု အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
မအိမွန်စိုး သည် ဓါးဒဏ်ရာ စုစုပေါင်းအချက်(၂၀)ခန့်ရရှိခဲ့ပြီး အခင်းဖြစ်သည့်နေရာတွင် ပွဲခြင်းပြီးသေဆုံးသွားကြောင်းသိရသည်။
လက်ရှိတွင် ကိုငြိမ်းချမ်းအောင်ကို အင်္ဂပူမြို့မရဲစခန်းမှ (ပ) ၉၄/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။
ဓါတ်ပုံ-ကိုငြိမ်းချမ်းအောင်